Thursday, January 20, 2011

၂၀၁၀ ရွေးကောက်ပွဲနှင့် အနာဂတ်သာသနာ

၂၀၁၀ ရွေးကောက်ပွဲနှင့် အနာဂါတ်သာသနာ

ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် နိုင်ငံရေးစခဲ့ရပုံ

ဗုဒ္ဓဘာသာဝင်များ ကြားဖူးနားဝရှိတဲ့ မြစ်ရေခွဲဝေ သုံးစွဲရေး အငြင်းပွားမှုမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်၌ ဖြစ်ပွားခဲ့တယ်။ ကပ္ပိလနှင့် ကောလိယ နှစ်ပြည်ထောင်အကြား ဖြတ်သန်း စီးဆင်းသွားသော ရောဟဏီမြစ်ရေကို သူအရင်ယူထိုက်၊ ငါအရင်ယူထိုက် စကားနိုင်လုကြရာမှ နောက်ဆုံး နှစ်ပြည်ထောင် စစ်ဖြစ်မည့် အခြေအနေသို့ ရောက်ခဲ့ကြတယ်။ဗုဒ္ဓမြတ်စွာက ကောင်းကင်ယံ၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ နှစ်ပြည်ထောင် မင်းသားတို့အား ငြိမ်းချမ်းရေးတရားအဖြစ် မဟာသမယသုတ် တရားတော်ကို တိုက်ကျွေးခြင်းဖြင့် ပြေငြိမ်းစေခဲ့ပါသည်။ မြစ်ရေခွဲဝေ သုံးစွဲရေး ပြဿနာကြောင့် စစ်ဖြစ်မည့် အခြေအနေမှ လွန်မြောက်ကာ နှစ်ဘက်သော မင်းညီမင်းသားတို့အား သာသနာ့ ဘောင်သို့ ဝင်စေခဲ့တယ်၊ မဟာသမယသုတ် တရားတော်ကို မဟာသက္ကရာဇ် ၁၄၈-ခု၊နယုန်လပြည့်နေ့တွင် ရှင်တော်ဗုဒ္ဓ ဟောတော်မူခဲ့ပါသည်၊ဒီဃနိကယ် မဟာဝါပါဠိ စာမျက်နှာ၂၀၂၊ ငှင်းအဋ္ဌကထာ စာမျက်နှာ၂၆၄၊ငှင်းဋီကာ၂၃၊၌ အထင်ရှား ရှိပါသည်၊၊

ကပ္ပိလနှင့်ကောလိယ နှစ်ဖက်တင်းမာနေခဲ့တာ ဘုရားရှင်ကကြားဝင်ပြီး ဖြေရှင်းပေးလိုက်သည့်အခါမှာ တိုင်းပြည်မှာ ငြိမ်းချမ်းမူတွေရရှိသွားပါတယ်၊တိုင်းပြည်တခုမှာအတူနေကြတဲ့ လူတွေအားလုံးမှာ ကောင်းကျိုး ဆိုးကျိုး ဆိုတာဖြစ်လာရင် မျှဝေခံစားကြရတာသဘာဝပါ၊”နိုင်ငံတစ်ခု မကောင်းပဲနဲ. သာသနာဆိုတာ ဘယ်လိုကောင်းမလဲ၊ နိုင်ငံဆိုတာ(ဋ္ဌာန) အိမ်လိုပဲ။ သာသနာဆိုတာ (ဋ္ဌာနူ) အဲဒီအိမ်ပေါ်မှာ တက်နေတဲ့ လူလိုပဲ၊အိမ်ကြီးကယိုယွင်းပျက်ဆီးနေရင် အိမ်ပေါ်မှာ နေတဲ့လူတွေ ဘယ်လိုလုပ်နေမလဲ၊သာသနာရေးနဲ့ နိုင်ငံရေးပူးတွဲမလုပ်သင့်ဘူးပြောနေတာ သာသနာရေးနဲ့ နိုင်ငံရေး ကို ကွဲကွဲပြားပြား မသိသေးလို့ပဲ”လို.သာသနာ့ဥသျှောင် အဖွဲ.ဥက္ကဋ္ဌ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီးက မိန့်ဆိုခဲ့ပါတယ်၊၊

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပန်းစဉ် ကာလ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို. ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို. နယ်ချဲ့ကို တော်လှန်ခဲ့ တာဟာ သမိုင်းမှာအထင်ရှားပါ၊အလားတူ တိုင်းပြည် လွတ်လပ်ရေးတိုက်ပွဲမှာ ရဟန်းသံဃာများရဲ. လွတ်လပ်ရေး ကြိုးပန်းမူ ကာလမှာ ဆရာတော်ဦးဥတ္တမ၊ဦးဝိစာရတို.က အသက်ကို ပဓာနမထား တိုင်းပြည် လွတ်လပ်ရေးကိုယ်သာ အလေးထားပြီး မတရားမှုကို တိုက်ခဲ့ကြတယ်၊ ဒီဆရာတော်တွေက ဘာဖြစ်လို. တော်လှန်ရေးကိုစခဲ့ကြတာလဲဆိုရင် ဘုရားသားတော် ဆိုတာ အမှန်တရားကို မြတ်နိုးတယ်၊ကိုယ်တိုင်းပြည် ကိုယ်လူမျိုးတွေ အပေါ်မတရားဗိုလ်ကျ အနိုင်ကျင့်တဲ့ နယ်ချဲ.ရဲ. ရက်စက်ကြမ်းကြုတ်မူတွေကို လက်ပိုက်ပြီးဘယ်လိုကြည့်နေနိုင်မလဲ၊တိုင်းပြည်အတွင်းက မတရားမှုတွေကို သံဃာတွေက တွန်းလှန်ခဲ့သည့် သံဃသမိုင်း အထင်ရှားပါ၊ကိုယ့်လူမျိုးတွေအပေါ်မှာ မတရားသဖြင့် အုပ်ချုပ်စိုးမိုးနေတဲ့ နယ်ချဲ.စနစ် မတရားတာကို မတရား ပါဘူးလို. လွတ်လပ်ရေး ခေတ်ဦးမှာ သံဃာတော်တွေရဲ. ဆန္ဒကို ဖော်ထုတ်ခဲ့ပါပြီ၊တိုင်းပြည်ရဲ. အကျိုးအတွက် ဆရာတော်တွေဟာ နယ်ချဲ့ကို တော်လှန်လို. အင်္ဂလိပ်အစိုးရလက်ချက်ကြောင့် ဆရာတော်ဦးဝိစာရ ပျံလွန်ခဲ့ရတာပါ၊မြန်မာနိုင်ငံလွတ်လပ်ရေးရဖို.ရန် သံဃာများရဲ. အသက်သွေးနှင့် ဘ၀တွေကို စတေးပြီးမှ လွတ်လပ်ရေး ရယူခဲ့ရတယ်ဆိုတာ ဘယ်သူမှ သံဃတော်လှန်ရေးသမိုင်းကို ဖုံးကွယ်ထားလို.မရနိုင်ပါဘူး၊ မြန်မာနိုင်ငံ အတွင်းမှာ မတရားမှုတွေရှိနေသမျှ သံဃာတော်တွေက သမိုင်းအစဉ်အဆက် တော်လှန်ခဲ့ကြတယ်၊၊

ဗိုလ်ချုပ်ကြီး နေ၀င်း စစ်ဝါဒထဲက သာသနာ

၁၉၆၂-ခုနှစ်မှာစလို့ ဦးနေ၀င်းက စစ်ဝါဒဖြင့်တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပါ၊၁၉၄၇ နှင့် ၁၉၇၄ အခြေခံဥပဒေ ရေးဆွဲ ထားလည်း ဦးနေ၀င်းပါးစပ်က အမိန်.တိုင်းသာလုပ်ခဲ့ကြရတယ်၊မန္တလေး ရဟန်းပျိုအဖွဲ.ချုပ်က ဦးဆောင် ဆရာတော် ဦးဇောတိက၊ ဦးကုသလတို့ကလည်း စစ်အစိုးရနှိပ်စက်မှုခံခဲ့ရတယ်၊ဆရာတော် ဦးကောဝိဒဆိုလဲ ပြည်တွင်းမှာ လုံခြုံမှု မရှိတော့ ကနေဒါနိုင်ငံကို သီတင်းသုံးနေရတယ်၊ ဒီမန္တလေးရဟန်းပျိုဆရာတော်တွေဟာ မဆလ အစိုးရကို လက်မခံ နိုင်ဘူးဆိုတာပြသခဲ့တယ်၊တပါတီစနစ်ကိုမလို၊ဒီမိုကရေစီစနစ်သာ လိုလားလို.၈၈-ခုနှစ်မှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများက ဦးနေ၀င်းအစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်၊၊

၁၉၆၄-ခုနှစ်နှင့် ၁၉၈၀၊မှော်ဘီ သံဃညီလာခံအစည်းဝေးကို ဦးနေ၀င်း စီစဉ်ခဲ့တဲ့ ရည်ရွယ်ချက်က သံဃာတော်များကို တရားဝင် ချုပ်ကိုင်နိုင်အောင်ဖြစ်တယ်၊ သံဃာတော်များကို ဓမ္မစက်ဖြင့် စီရင်ဆုံးဖြတ်တာမဟုတ်ပဲ အာဏာစက်ဖြင့်သာ သံဃာများအား ထောင်ချနှိမ်စက်ခဲ့သည်မှာ ယနေ.တိုင်ဖြစ်ပါတယ်၊ဦးနေ၀င်းက သူဖြစ်ချင်တဲ့ အတိုင်းဖြစ်စေဖို. ကြိုတင် အကွက်ချပြီး ဆရာတော်များကို အသုံးချသွားခဲ့ပါတယ်၊ မှော်ဘီသံဃာ့ အစည်းဝေးအပြီးမှာ သံဃာတော်များအပေါ် မတရား ဖိနှိမ်တဲ့ ဥပဒေတွေ အစိုးရက ထုတ်ပြန်လာပါတယ်၊ "ဗုဒ္ဓမြတ်စွာ သာသနာ အတွက်မို့ ငါပါ အသက်ဆုံးစေမည်၊ နောင်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်" ဟူသော အဓိဋ္ဌာန်နှင့် အညီ ပျံလွန်တော်မူခါနီး အချိန်အထိ သာသနာ့တော်အကျိုးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားသော အမရပူရတောင်မြို့၊မဟာဂန္ဓာဆရာတော် အရှင်ဇနကာဘိဝံသရဲ. အနာဂါတ်သာသနာမှာ ဖြစ်လာမည့် ဆိုးကျိုးတွေကို ကာကွယ်ဖို.နှင့် ခေတ်နှင့်အညီ သာသနာပြု နိုင်ရန် ရဟန်းသံဃာများရဲ. ရှေးဟောင်း ပညာရေးမူဟောင်းကနေ စနစ်သစ် ပညာရေးမူများပြောင်းလွဲဖို. အဆိုပြု ချက်ကို အစိုးရက လက်မခံခဲ့ပါဘူး၊၊

ဦးနေ၀င်းအစိုးရ လက်ထက်မှာ သံဃာတော်များ သာသနာဝင်မှတ်တမ်းများထုတ်ပေးခဲ့တယ်၊ သာသနာဝင် မှတ်တမ်း ဆိုတာဘယ်နေ.၊ဘယ်နေရာ၊ဘယ်ဘုန်းတော်ကြီးကျောင်းမှာကိုရင်ဝတ်ခဲ့တယ်၊သို.မဟုတ်ဘယ်မြို.၊ဘယ်ရွာ၊ဘယ်ဆရာတော်ကို ဥပဇ္ဈယ်ပြု၍ ရဟန်းဖြစ်လာခဲ့သည့် နေ.ရက်ကို မှတ်တမ်းတင်ထားတဲ့ Ordination Certificate သာဖြစ်တယ်၊ မူလ ကိုယ်မွေးခဲ့တဲ့ မှတ်တမ်း အိမ်ထောင်စုစာရင်းကနေ သံဃာများကို ထုတ်ပစ်ခဲ့တယ်၊ Birth Certificate သံဃာတော်များမှာ မရှိပါဘူး၊ဘုန်းကြီးတပါး နိုင်ငံသားဖြစ်ကြောင်း ပြစရာ စာရွက်စာတမ်းမရှိတာဟာ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်၊ နိုင်ငံသားဖြစ်ကြောင်း တရားဥပဒေအရ တရားဝင် မွေးစာရင်း သံဃာများမှာရှိရမယ်၊ သာသနာ့ဘောင်သို. ရောက်လာ ရင်လဲ ဘယ်နေ.ဘယ်ရက်က ရဟန်းဖြစ်ခဲ့တယ်ဆိုတာ ရဟန်းခံရက်ချုပ်ရှိရမယ်၊ သာသနာဝင်မှတ်တမ်း ထုတ်ပေးရာ မှာလည်း သက်ဆိုင်ရာ ဆရာတော်များကသာ လုပ်ပေးပိုင်ခွင့်ရှိရမယ်၊လက် ရှိအနေထားက သာသနာရေးဝန်ကြီးဋ္ဌာနက စစ်ဗိုလ်နှင့် လ၀ကက စစ်ဗိုလ်များက သူတို.သဘောအတိုင်း သာသနာဝင် မှတ်တမ်းများကို ထိန်းချုပ်နေတာပါ၊၊

ဗိုလ်ချုပ်ကြီး စောမောင်အမိန်.နဲ့ သံဃအဖွဲ.တွေဖျက်သိမ်းခံရ

၁၉၉၀-ခုနှစ်အောက်တိုဘာ(၂၀)ရက်နေ.ည(၁၂)နာရီကစပြီးသံဃသာမဂ္ဂီအဖွဲ့၊ရဟန်းပျိုအဖွဲ့၊ကျောင်းထိုင် ဆရာတော်များ သံဃသမဂ္ဂအဖွဲ့များကို ဗိုလ်ချုပ်မှူးကြီးစောမောင် အမိန်.နှင့် တရားမ၀င်အဖွဲ.များအဖြစ် ကြေညာချက်ထုတ်ကာ သံဃာတော်များကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့တယ်၊မန္တလေး သံဃသာမဂ္ဂီ ဥက္ကဋ္ဌ၊ မန္တလေး လေးပြင်လေးရပ်နှင့် အိမ်တော်ရာစစ်ကြောင်း ဦးဆောင်ခဲ့သည့် ဆရာတော် ဦးရေ၀တဟာ စစ်အစိုးရ အကျဉ်းထောင်မှာ စစ်ထောက် လှန်းရေးရဲ. နှိမ့်စက်မူများခံခဲ့ရတယ်၊ထောင်ထဲမှာ လူမဆန်စွာ ရိုက်နက်တာ ခံလိုက်ရတဲ့ ဆရာတော်ဟာ ဆိုးဝါးတဲ့ ရောဂါတွေရခဲ့တယ်၊ ထောင်ထဲပျံလွန်တော်မူရင် နာမည်ပျက်မယ် ဆိုတာ သိတဲ့အတွက် ဆရာတော်အား လွတ်ပေးခဲ့ပြီး ထောင်ကထွက်လို. မကြာခင်မှာပဲ ဆရာတော် ပျံလွန် တော်မူခဲ့ရပါပြီ၊၊

၁၉၈၀၊မေလ (၂၄)ရက်မှ (၂၇) အထိ ၄-ရက်တိုင်တိုင် ရန်ကုန်မြို. ကမ္ဘာအေးကုန်းမြေမှာ ပထမအကြိမ် ဂိုဏ်း ပေါင်းစုံ သံဃအစည်းဝေးပွဲကို စီစဉ်ခဲ့တယ်၊ စစ်အစိုးရက တပြည်လုံးရဲ. သံဃကိုယ်စလှယ်များကို စိတ်တိုင်းကျ ရွေးခြယ်ထားပြီး ဖြစ်တယ်၊အသုံးချခံဆရာတော်အချို.က ကမ္ဘာအေးမှာ သာဓုသုံးကြိမ်ခေါ်ရုံ သက်သက်နှင့် အစည်းဝေးရဲ. ကောင်းကျိုး ဆိုးကျိုးဘာမှမသိဘဲ မန္တလေးတိုင်း ကိုယ်စလှယ်အဖြစ် စစ်အစိုးရ ရွေးထားတဲ့ မိထ္ထီလာ သံဃာက ရန်ကုန်သွားတက်မည့် ကိစ္စကို ဆရာတော် ဦးရေ၀တက လက်မခံပါဘူး၊ တကယ် သံဃာများရဲ. ဆန္ဒနှင့်အညီ သံဃာတွေကပဲ ရွေးကောက် တင်မြောက်တဲ့ သံဃကိုယ်စလှယ်မျိုးသာ ဖြစ်သင့်ကြောင်းနှင့် သံဃကိုယ်စလှယ်ရွေးခြယ်ရာမှာ စစ်အာဏာရှင်များ နေနဲ့ပါဝင် စွက်ဖက်ခွင့်မရှိကြောင်း မဟာမုနိဘုရားကြီးမှာ လေးပြင်လေးရပ်က မန္တလေးသံဃာထုကြီးကိုစုပြီး သံဃဆန္ဒ ထုတ်ဖော်ပြသခဲ့တယ်၊၊

မန္တလေးတိုင်းရဲ. သံဃကိုယ်စလှယ်ကို သံဃဆန္ဒနှင့်အညီ ရွေးကောက်တင်မြောက်ရန် ဆရာတော် ဦးရေ၀တ ဦးဆောင်ပြီး တောင်းဆိုတယ်၊ ဆရာတော်အား ဖမ်းဆီး၍ ထောင်ချထားခဲ့ပြီး သာသနာနှစ် ၂၅၂၄- ကောဇာ- ၁၃၄၂ ခုနှစ် နယုန်လမှာ “နိုင်ငံတော် သံဃမဟာနာယကအဖွဲ.ကြီးကို” စစ်အစိုးရက အလိုကျ လုပ်ကြမည့် သံဃာအချို.နှင့် ဖွဲ.စည်းသွားခဲ့တာပါ၊ ၁၉၈၈၊ စက်တာင်ဘာ(၁၈)နေ. ဗိုလ်ချုပ်မှူးကြီး စောမောင်က စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ကြီးအနေနဲ့ သာသနာတော်နှင့် သံဃာများရဲ. အသက်သွေးများကို အလေးမထားဘဲ စစ်အစိုးရက အာဏာနှင့် စေခိုင်းမှုကိုတသွေမသိမ်း လုပ်ရသည့် အခြေအနေသို.ရောက်ခဲ့ရသည်၊ သံဃမဟာနာယက ဆရာတော်ကြီး မှာ ပင်ကိုယ်က ရိုးသားတယ် စစ်အစိုးရက လဒ်ပေး လဒ်ယူ စနစ်ကို ဆရာတော်ကြီးများကို သင်ပေးခဲ့တယ်၊စစ်ကိုင်းတိုင်း ကောလင်းမြို့က ကျောင်းပိုင်ဆိုင်မှုကိစ္စမှာ သံဃနာယက လဒ်စားတာကို မင်းကွန်း တိပိဋကဆရာတော်ကြီးက သိသွားတဲ့ အခါ ဆရာတော်ကြီးက ဒါလား သံဃနာယက၊ ဘုန်းကြီးလုပ်ပြီး လဒ်စားကြလား သာသနာမှာ ကောင်းသေးလားလို့ ပြောလိုက်တဲ့ တိပိဋက ဆရာတော်ကြီး စကားဟာ သံဃာတွေအထဲမှာ ချက်ချင်းရောက်လာခဲ့တယ်၊စစ်အစိုးရ အနေနဲ့ သီလ၊သမာဓိ ပြည့်စုံတဲ့ ဆရာတော်များကို သီလတွေပျက်ဆီးအောင် လာဒ်လာဘပစ္စည်း ရုပ်ဝထ္ထု မျိုးစုံပြ၊မက်လုံးတွေ ပေးပြီး စစ်အာဏာ မြဲရေးအတွက် သံဃာများမညီညွတ်ကွဲပြားအောင် (သံဃဘေဒက) လုပ်ခဲ့တယ်၊၊

ဘုန်းကြီးလူထွက် အံ့မောင် သာသနာတော်နှင့် သံဃာအပေါ် သစ္စာဖောက်

သာသနာတော်ကို သစ္စာဖောက်တဲ့ ဘုန်းကြီးလူထွက် အံ့မောင်က ဘုန်းကြီးတွေရဲ့ အားနည်းချက်ကို ဗိုလ်ချုပ်မှူးကြီး တင်ပြကာ စနစ်တကျ သာသနာတော်ကို ဖျက်ဆီးလာခဲ့တာပါ၊လက်ရှိမှာလဲ သာသနာရေး ၀န်ကြီးဋ္ဌာနမှာ ဘုန်းကြီး လူထွက်က ၆၅% ရှိတယ်၊သာသနာနှင့် သံဃာအပေါ် သစ္စာရှိလားဆိုတာ သူတို. သမိုင်း မကြာခင်တွေ့ရမှာပါ၊ ဘုန်းကြီး လူထွက်များအနေနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနမှာ အခြေအနေအရ စစ်အစိုးရ၀န်ထမ်းလုပ်ရင်း စစ်အာဏာရှင်က သံဃာများအပေါ် ဆော်ကားခဲ့တဲ့ စစ်အစိုးရ ရာဇ၀တ်မှုများကို ကိုယ်တွေ.ဖြစ်ရပ်မှန် ဖော်ပြနိုင်တဲ့ အချိန်ဆိုတာ ရှိလာ မှာပါ၊ဗိုလ်မှူး အောင်လင်းထွဋ်က စစ်တပ်က မတရားလုပ်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်သလို သာသနာရေးဝန်ကြီး ၀န်ကြီးက သာသနာကို ဘယ်လို ဖျက်ဆီးခဲ့တယ်ဆိုတာ ဘုန်းကြီးလူထွက်များက ရေးသားဖော်ထုတ်ရန် လိုပါတယ်၊၊

၂၀၁၀ ရွေးကောက်ပွဲလွန်ရင် ဗုဒ္ဓသာသနာ အလွန်ဝမ်းနည်းစရာ

၂၀၀၈ အခြေခံ ဥပဒေ စာအုပ်ကြီး တခုသာဖြစ်သွားတယ်၊ ရဟန်းသံဃာနှင့် သီလရှင်များက ဘာတခုမှ ရွေးခြယ် တင်ပြပိုင်ခွင့်မရခဲ့ဘူး၊ စစ်တပ်နှင့် ဦးရေအတူ ရှိနေသည့် မြန်မာပြည်က ထောင်ပေါင်းများစွာသော သံဃာများရဲ. တိုင်းပြည်ပေါ်ထားရှိတဲ့ မေတ္တာတရားကို လူထုကယုံကြည် ကိုးကွယ်ကြတယ်၊သီလ၊သမာဓိ ကိုယ်ကျင့်တရား ၀ိနည်း သိက္ခာပုဒ်များကို အသက်လောက် မြတ်နိုးခဲ့တဲ့ မြန်မာနိုင်ငံ သံဃသမိုင်းထဲက မျိုးဆက်သစ် ရဟန်းပျိုတွေက ရှေးယခင်က ကောင်းတဲ့အစဉ်အလာတွေကို ဆက်လက်ထမ်းပိုးတယ်၊တဖက်မှာလည်း ခေတ်စနစ်နှင့်အညီ သာသနာတော်နှင့် သံဃာများအားလုံး လုံခြံစိတ်ချရသည့် အခြေခံဥပဒေ ဖြစ်မှသာ ဗုဒ္ဓသာသနာ တိုးတက်နိုင်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖက်အမြင်ရှိတဲ့ သာသနာ့အာဇာနည် အရှင်မြတ်တွေကသိနေပါပြီ၊ တိုင်းပြည်နှင့် အနာဂတ်သာသနာကို ကောင်းသည်ထက် ကောင်းအောင် ဖန်တီး နိုင်တဲ့ စွမ်းအားတွေ ပြည်တွင်း ပြည်ပ သံဃာများ အခိုင်အမာရှိနေပါတယ်၊၊

၂၀၀၈- အခြေခံဥပဒေ အခန်း(၈)မှာ နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်ရေးနှင့် တာဝန် ၀တ္တရားများထဲမှာ သာသနာ့ဝန်ထမ်းများ မဲပေးခွင့်မရှိဘူး၊ဘာသာရေးကြောင့် နိုင်ငံရေးလုပ်ရင် ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်း၍ ၁၉၆၂- က စစ်အာဏာသိမ်းပြီးနောက် ယနေ. ဦးသန်းရွေ အထိ သာသနာတော်ကို ညိုးနွမ်းမူစတဲ့ စစ်အစိုးရပါးစပ်ထဲက ပုဒ်မ ဥပဒေထုတ်ပြီး သံဃာတွေကို ထောင်ချ သတ်ဖြတ်ခဲ့သလို ၂၀၀၈ အခြေခံဥပဒေနှင့် တက်လာမည့် စစ်အစိုးရ အသစ်ကလဲ သံဃာများကို နှိပ်စက် သတ်ဖြတ် ထောင်ချနိုင်တယ်လို. ရေးထားတဲ့ ဒီ အခြေခံဥပဒေကို သံဃာ အများစုက မသိကြပါဘူး၊ အဲလို မသိအောင်လဲ စစ်အစိုးရက သာသနာ့ဝန်ထမ်းများ တိုင်းကျိုး ပြည်ပြု အခွင့်ရေးနှင့် တာဝန်တွေ မလုပ်ရဘူးလို. ၂၀၀၈ အခြေခံဥပဒေထဲမှာ အထူးကန်.သတ်ချက် အနေနဲ့ အခန်း(၈) အပိုဒ် (၃၆၄) အခန်း(၉)တွေမှာ တွေ.နိုင်တယ်၊ နိုင်ငံနှင့် လူမျိုး၊ဘာသာ၊သာသနာကို ချစ်မြတ်နိုးတဲ့ အထဲမှာ ဘုန်းကြီးတွေက ထိပ်ဆုံးက ရှိနေတယ်ဆိုတာ မြန်မာနိုင်ငံရဲ. သမိုင်းကို မမေ့ကြပါနဲ့၊ ကိုယ်ကျင့်သီလတရားကို အခြေခံပြီး တည်ဆောက်ခဲ့သည်မှာ သာသနာတော် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လာခဲ့ပြီ၊ သီလကောင်းရေးနှင့် ပိဋကတ်(၃)ပုံကိုသင်ရိုးညွန်တမ်းအဖြစ်နဲ့ ဗိုလ်ချုပ် အောင်ဆန်းခေတ်အစ ၀န်ကြီးချုပ် ဦးနုရဲ. ဒီမိုကရေစီစနစ်အောက်က ဗုဒ္ဓသာသနာ ဆဋ္ဌသံင်္ဂါယနာ တင်နိုင်ခဲ့တာ ဦးနုရဲ့ သမိုင်း ကောင်းတခုပါ၊ ယနေ. စစ်ဝါဒစနစ်ကြောင့် သိင်္ဂုတ္တရ ရွေတဂုံ ကုန်းမြေမှာ သံဃာတော်များ သွေးမြေကျခဲ့သည့် ၂၀၀၇-စက်တင်ဘာလသည် မြန်မာနိုင်ငံထေရ၀ါဒသာသနာ့သမိုင်းမှာ သံဃာတွေအဖို. ဘယ်လိုမှ မမေ့နိုင်တဲ့ နေ.တနေ. ဖြစ်သွားခဲ့ပါပြီ၊၊

၂၀၀၈ အခြေခံဥပဒေထဲမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ.စည်းပုံစံမှာ သာသနာရေးဝန်ကြီး ဋ္ဌာနဆိုတာ မတွေ.ရဘူး၊ပြည်ထဲရေးအောက်မှာ ထားမည့်သဘောပါ၊လူတယောက်က ကိစ္စရှိရင် ပြည်ထဲရေး ဋ္ဌာနတခုနဲ့ အားလုံး ပြီးသွားတယ်၊ ဘုန်းကြီးတပါးကြတော့ သာသနာရေးဝန်ကြီး၊ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် နှစ်ယောက် စစ်ဆေးပြီးအောင် စောင့်ဆိုင်းခဲ့ရတာ စစ်အာဏာရှင် အဆက်ဆက်ပါပဲ၊ဘုန်းကြီးတွေက ဖိနှိမ်မူ ပိုခံရတယ်ဆိုတာ အားလုံးသိစေချင်တာပါ၊ လက်ရှိအခြေအနေအရ သာသနာရေးဝန်ကြီးဋ္ဌာနနှင့် သံဃမဟာနာယကအဖွဲ့ဟာ တိုင်းပြည်နှင့် သာသနာအတွက် အကျိုးမများဘူး၊ ၂၀၀၇-မှာ သံဃာတွေကို မတရား ဖမ်းဆီး ကျောင်းတိုက်တွေဖျက်ဆီးခဲ့တာကို ကြည့်နေတယ်၊နာဂစ် မုန်တိုင်းကြောင့် လူတွေများစွာ သေနေတာကို လစ်လျုရှုနေခဲ့တယ်၊ထောင်ထဲက သံဃာများလွတ်မြောက်ရန် လုပ်ဆောင်ရမည့်အစား စစ်အစိုးရ အကြိုက်သာ တစိုက်မတ်မတ် ရပ်တည်ခဲ့တာ အားလုံးအသိပါ၊ နိုင်ငံတော်သံဃ မဟာနယက အဖွဲ.ကြီးကို စတင်ဖွဲ.တော့ ဒီအဖွဲ.ကြီးသည် သာသနာအတွက်မဟုတ်ဘူး သံဃာများကို ဖိနှိပ်ဖို.သာ ဖြစ်တယ်၊ဒီတော့ စစ်အစိုးရဖွဲ့ပေးတဲ့ သံဃမဟာနာယကအဖွဲ့ထဲကို မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ မ၀င်ခဲ့ ဘူးလို. ဆရာတော်ကြီးပျံတော်မမှုခင်မှာ ပြောခဲ့ပါတယ်၊ဆရာတော်ကြီး ပြောခဲ့သလို တကယ်တမ်း သံဃမဟာနယက အဖွဲ့ဟာ သာသနာအတွက်မဟုတ်ပဲ စစ်အစိုးရအတွက်သာ ဖြစ်ခဲ့ရပါတယ်၊၊

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် ဟောပြောခွင့်

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ခရစ်ယမ်၊မူစလင်၊ဟိန္ဒူ မိမိတို. ယုံကြည်ရာ ဘာသာအလိုက်ရှိကြတယ်၊ဗုဒ္ဓဘာသာ ဆိုရင် စစ်အစိုးရက (၉)ဂိုဏ်း တနည်းအားဖြင့် အဖွဲ့အစည်း(၉)ခုသာ အသိမှတ်ပြုထားတာပါ၊ဗုဒ္ဓဘာသာ အများစုဖြစ်လို. သို.မဟုတ် စစ်အစိုးရက ဗုဒ္ဓဘာသာဝင်ဖြစ်လို. အခွင့်ရေးပေးတယ်ဆိုတဲ့ ပြောဆိုမှုတွေ အခြား သောဘာသာဝင်များနှင့် တိုင်းရင်းသားအချို့က အထူးအားဖြင့် ပြည်ပနိုင်ငံတွေမှာ တွေ့နေရတယ်၊မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲအစမှာ ကထဲက အင်္ဂလိပ်အစိုးရကို ဗုဒ္ဓဘာသာဝင်များရဲ. ခေါင်းဆောင် ဘုန်းကြီးတွေက တော်လှန်ရေးကို စခဲ့တယ်၊ဒီကနေ. တိုင်းပြည် လွတ်လပ်ရေးရပြီလို. အမည်မျှသာဖြစ်တယ်၊တကယ်လွတ်လပ်ရေးကို မရသေးဘူး၊စစ်အာဏာရှင် စနစ် ဆိုးထဲမှာ သံဃာတွေက မနေချင်ဘူး၊ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာဖို့ အရေးကို ၁၉၆၂ ခုနှစ်ကနေ ယနေ့ထိ နှစ်ပေါင်း များစွာ စစ်အစိုးရကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းတာဟာ ဗုဒ္ဓဘာသာဘုန်းကြီးတွေပါ၊လွတ်လပ်ရေး ခေတ်ဦးအစ ယနေ.ချိန်ထိ စစ်အစိုးရကို တော်လှန်ရေးလုပ်ရာမှာ ခရစ်ယမ်ဘုန်းကြီးမပါသလို၊ဟိန္ဒူ၊မူစလင် ဘာသာရေးခေါင်းဆောင် တွေလဲ မပါဝင်ခဲ့တာ သမိုင်းမှာအထင်ရှားပဲ စစ်အစိုးရကို အတိုက်ခံမလုပ်ဘဲ မြန်မာပြည်သူတွေ ဆင်းရဲနွမ်းပါး အသိဥာဏ် နည်းမှုကို အခွင့်ကောင်းယူပြီး ဗုဒ္ဓဘာသာဝင်ကနေ မိမိတို.ဘာသာထဲ ရောက်လာအောင် ငွေကြေးကိုအဓိကထား ဆွဲဆောင် စည်းရုံးမှုသာ လုပ်နေခဲ့တာ စစ်အစိုးရလက်ထက်မှာ ပိုပြီးထင်ရှားတယ်၊ငွေပေးရင် စစ်အစိုးရ ၀န်ထမ်းတွေက အားလုံးလုပ်ခဲ့တာကို မသိလို့မဟုတ်ဘူး၊အမေရိကမှာ သာသနာပြုနေတဲ့ ဘုန်းကြီးတပါးအနေနဲ. မြွေ၊မြွေချင်း ခြေမြင် သလို ပြည်ပနိုင်ငံတွေက ငွေကြေးကို ပုံပြပြီး မြန်မာနိုင်ငံမှာ သာသနာပြုအဖွဲ့အမည်ခံကာ မြန်မာလူမျိုး တိုင်းရင်းသား များကို အချိုသတ် သိမ်းသွင်းနေတာ ကြည့်ကောင်းလို. ကြည့်နေတာမဟုတ်ဘူး၊၊

စစ်အစိုးရအား အတိုက်ခံလဲမလုပ် ငွေပေး လဒ်ထိုးတဲ့ စနစ်အသုံးပြုကာ စစ်အစိုးရကို ပေါင်းသင်းတယ်၊ စစ်အစိုးရက သူ.ကိုအတိုက်အခံလဲမဟုတ် ငွေကလဲရတာမို. လက်မှတ်ထိုးလိုက်တာ ဒီကနေ. ဗလီ၊ခရစ်ယမ်၊ ဟိန္ဒူ အဆောက်အဦး တွေလဲ အများကြီးဖြစ်သွားတယ်၊မြန်မာ အမျိုးသမီးများကို နည်းမျိုးစုံ ဆွဲဆောင်မှုကြောင့် ကုလား၊တရုတ် မယားတွေ ဖြစ်ခဲ့ရသူတွေ အများကြီးပါ၊ သစ်သားနဲ့လုပ်ထားတဲ့ လက်ဝဲ ကပ်တိုင်၊အုတ်ခဲဖြင့် လုပ်ထားတဲ့ မိုဟာမက်ဂူ ဒါတွေကို ဖျက်ဆီးလိုက်တာက ပြန်လည် အသစ်လုပ်လို. ရနိုင်တယ်၊ ဘုန်းကြီးတပါး ခေါင်းဖြတ်ခံရတာက ပြန်ဆက်လို. အသက်မရှင်နိုင်တော့ဘူး၊သံဃာတပါး သေနတ်မှန်လို. အသက်ထွက်သွားတာ ဘာမှအစားထိုးလို.မရဘူး၊ ဘာသာ တိုင်းကို လေးစားတဲ့စိတ်ထား ဘုန်းဘုန်းမှာ ရှိပါတယ်၊သစ်သားနှင့် အုတ်နဲ. လုပ်ထားတဲ့ အသက်မဲ့တွေ အဖျက်ခံရတာကို ပြောနေတဲ့သူတွေက သက်ရှိလူသား ဘုန်းကြီး မြောက်များစွာ အသက်သွေး ပေးနေရတဲ့ အခုလို တော်လှန်ရေး ကာလမှာ အချောင် လိုက်ခဲ့တဲ့ သမိုင်းဆိုးက ထွက်ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့်အတူ တိုက်ပွဲဝင်ဖို.လိုပါတယ်၊ဗုဒ္ဓဘာသာကို စစ်အစိုးရက ဦးစား ပေးလား မပေးလားဆိုတာ ၂၀၀၇ စက်တင်ဘာလဟာ အဖြေပါ၊ စစ်အစိုးရ စစ်အာဏာမြဲရေးပဲ ဦးစားပေးတယ်၊ ဘယ် ဘာသာတရားကိုမှ ဦးစားမပေးသလို အလေးထားမှု မရှိဘူးဆိုတာ အားလုံးက သတိထားရမှာပါ၊၊

စစ်အစိုးရ အကျဉ်းထောင်တွေမှာ ခရစ်ယမ်၊ဟိန္ဒူ၊မူစလင် ဘာသာရေးခေါင်းဆောင်တွေ မရှိပေမဲ့၊ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကတော့ မြန်မာပြည် အနှံ.အပြား ထောင်တွေမှာ ၀ါဆိုခဲ့ရပြီ၊လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို လဒ်ထိုးလို.ခေတ္တ ရလာတာကို ကျေနှပ်နေမည့်အစား တကယ် ဒီမိုကရေစီရဲ. အနှစ်သာရ အခြေခံ အခွင့်ရေးတွေပါတဲ့ အခြေခံဥပဒေမျိုးကို အခြေခံ၍ လူထုဆန္ဒနှင့်အညီ ပြည်သူ.အစိုးရမျိုး ဖြစ်လာမှသာ အခွင့်လမ်းနှင့် အခွင့်ရေးတွေကို တန်းတူညီမျှ ခံစားရမယ်၊လဒ်ထိုးမှ ရလာမည့် အခွင့်ရေးကို ဘာသာပေါင်းစုံ ဘုန်းတော်ကြီးများက ယူနေကြမည်ဆိုရင် ဘယ်တော့မှ စနစ်ဆိုးကလွတ်မြောက်မှာ မဟုတ်ပါဘူး၊ဘာသာရေးခေါင်းဆောင်က မတရားမှုကို မတွန်းလှန်ဘဲမိမိတို.ကိုယ်တိုင် စစ်အစိုးရနဲ့ ပေါင်းသင်း၍ အတ္တအကျိုးအတွက်သာ ရှေးရှုလာခဲ့မှာ နှစ်ပေါင်းကြာခဲ့ပြီ၊၊

စစ်ဒေသမှူး၊တိုင်းမှူးများနှင့်ပေါင်းလို. ရပ်ကွက်ဓမ္မာရုံမှာ ဓမ္မကထိကဘုန်းကြီး ခေတ္တတရားဟောခွင့်ရတာဟာ လွတ်လပ်စွာ ဟောပြောခွင့် အစစ်မှန်ရတာ မဟုတ်ဘူးဆိုတာ အသေချာသိဖို.လိုသလို ဗိုလ်ချုပ်တွေအား ဒေါ်လာတွေ ပေးလိုက်လို. မြေကွက်ရတာ၊ကျောင်းဆောက်တာ၊အိမ်ကို မသိမသာ ဗလီလုပ်ခွင့်ရတာ၊ချတ်စ်ကျောင်းလုပ်ခွင့် ရနေတာ မျိုးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်လို. မထင်ပါနဲ့၊စစ်ဝါဒစနစ်ကို ဆက်လက်ရှင်သန်ဖို. ကိုယ်တိုင် အဆိပ်ပင်ကို ရေလောင်း နေတာပါ၊၊

သာသနာ့ဝန်ထမ်းများအပေါ် တရားစီရင်ရေး

ဗုဒ္ဓသားတော် ရဟန်းတော်များဟာ ဘုရားဟော ၀ိနည်းပိဋကတ်တော်က ချမှတ်ထားတဲ့ စည်းကမ်းဥပဒေကို လိုက်နာရုံပါ၊ဒါပေမဲ့ တိုင်းပြည်တခုမှာ အတူမွေး အတူကြီး အတူတကွ နေထိုင်ခဲ့ရသည့် လူလောက မဟုတ်ပါလား၊ ရဟန်းသံဃာများဆိုပေမဲ့ ပုထုဇဉ်များအလျှောက် အပြစ်တစုံတရာရှိလာမှာအမှန်ပဲ၊မူရင်းဘုရား ပညတ်ခဲ့တဲ့ ၀ိနည်း သိက္ခာပုဒ်နှင့် သက်ဆိုင်ရာ အခြေခံဥပေဒေကလည်း ရှိနေမယ်၊ဒီတော့ သာသနာ့ဝန် ထမ်းများက ဥပဒေနှစ်ခုအောက်မှာ ဖြစ်နေတယ်၊သံဃာတော်များကို ဘုရားဥပဒေနှင့်သာ အရေးယူရမယ်၊စစ်အစိုးရ ပါးစပ်ထဲက ပုဒ်မတွေအတိုင်း သံဃာ တွေဟာ ထောင်ထဲမှာ ကျခံနေရတယ်၊မတရားမှုကို အဆုံးသတ်ရန်လိုပါတယ်၊၊

ကမ္ဘာအေး သံဃခုံရုံးက ဗိုလ်ချုပ်ဆရာတော်များရဲ. အဆုံးဖြတ်

ထုံးစံမှာက သာသနာ့ဝန်ထမ်းများ ပြစ်မူတစုံတရာရှိလာရင် သက်ဆိုင်ရာ ရပ်ကွက်၊မြို.နယ်၊တိုင်း၊ဗဟို သံဃာ့ အဖွဲ.အစည်းများမှာ အဆင့်ဆင့် စစ်ဆေးကာ အပြစ်ရှိတယ်လို. ထင်ရှားရင် နောက်ဆုံး သံဃမဟာနာယကအဖွဲ့ သြ၀ါဒနှင့် ၀ိနည်းဓိုလ်အဖွဲ.က အသုဒ္ဓ မစင်ကြယ်တဲ့ပုဂ္ဂိုလ်အဖြစ် တနည်းအားဖြင့် သာသနာ့ ဘောင်မှာ ဘုန်းကြီးဘ၀နဲ့ နေခွင့်မရှိကြောင်း ဆုံးဖြတ်တာဟာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်၊ ဒါကလဲ ကာယကံရှင် ကိုယ်တိုင်ဝန်ခံမှ ဆုံးဖြတ် လို.ရတာ ၀န်မခံရင် အတင်းအဓမ္မ လုပ်လို.မရဘူး၊ရဟန်းတော်များမှာ အဓိကရှောင်ရမည့်ပါရာဇိကလေးပါးပါ၊ မေထုန်အမှု၊ ခိုးတဲ့အမှု၊လူသတ်မှု၊ဈန်မဂ်ဖိုယ်မရပဲ လိန်ညာမူ၊ ဒါကို ရဟန်းတော် များက တခုခုကို ဖောက်ဖျက်ရင် အစောကပြောသလို လူဝတ်လဲပြစ်ရမယ်၊၊

မေထုန်အမှု အမျိုးသမီးကိစ္စဖြစ်ရင် ၀ိနည်းရှုဒေါင့်ကဆိုရင် ပါရာဇိကျပြီး လူဖြစ်သွားတယ်၊ လူ ရှုဒေါင့်ကဆိုရင် နှစ်ဦး သဘောတူလို. ဖြစ်ခဲ့တာဆိုရင် ပြဿနာမဖြစ်၊သဘောမတူရင်တော့ မူဒိန်းမှု ပုဒ်မဖြစ်သွားမှာပါ၊အဲတော့ အမျိုးသမီးကိစ္စ DMV ခေတ်ပေါ်နည်းတွေနဲ. စစ်ဆေးရင် အဖြေပေါ်ပါတယ်၊ထင်ရှားတယ်ဆိုရင် လူထွက်ရမယ်၊ ဖြစ်ခဲ့တဲ့ အမျိုးသမီးကို လက်ထပ်ပေါင်းသင်းရမယ်ဆိုတဲ့ အမိန်.ချပြီး ဘုရားနည်းလဲ မဆန်.ကျင်၊လူသား သဘာဝ အချစ်ကိုလည်း မျက်ကွယ် ပြုရာ မရောက်ဘဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတခုကို အလေးထား စဉ်းစားရမှာပါ၊၊

ဘုန်းကြီးက လူသတ်တယ်ဆိုရင် လူဖြစ်သွားတာပဲ၊ဒီအမူက အကြမ်းဖက်တာမို. ဒီလိုလူလို ဘုရားစေတီပုထိုး ပုဂံဒေသလို နေရာမျိုးမှာ အလုပ်ကြမ်း အလုပ်မျိုး၊ဘာသာရေးနဲ့ ဆိုင်တဲ့ နေရာတွေမှာ အလုပ်ဒဏ်ကို ကျခံစေသင့်တယ်၊ ခိုးတဲ့အမှုဆိုရင်လဲ အလားတူပါပဲ၊တမဂ်တဖိုလ်မရဘဲ ရဟန္တာပုဂ္ဂိုလ်အလား လိန်လည်မူလုပ် နေသည့် ဖြစ်ရပ်မျိုးကိုလည်း လူထွက်စေ၊ဘုရားကျောင်းကန်နှင့် သက်ဆိုင်တဲ့ အလုပ်ကြမ်းများကို ကျခံရမည်၊

၈၈၊ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သံဃာတော်များအား စစ်ထောက်လှန်းရေးက မတရားဖမ်းဆီးခဲ့တာ အများကြီးပဲ၊ကမ္ဘာအေး သံဃမဟာနယကအဖွဲ.က ၀ိနည်းစည်းကမ်းအရ ၀ိနိစ္ဆယအပြစ်ရှိ၊မရှိ စစ်ဆေးရမည် မှန်သော် လည်း သံဃာတော်များအား ကမ္ဘာအေးသံဃခုံရုံးမှာ မစစ်ဆေးပါဘူး၊စစ်အာဏာရှင်များက သံဃာတော်များကို ဖမ်းတဲ့ အပိုင်း၊ပြစ်ဒဏ်ချတဲ့အပိုင်းတွေမှာ မတရားလုပ်ခဲ့တယ်ဆိုတာ အထင်ရှားရှိခဲ့တယ်၊ မစိုးရိမ် တိုက်သစ်ကျောင်းက ဦးဝိစိတ္တာဘိဝံသ(၀ီရသူ) မန္တလေးမှာ တရားပွဲတွေလုပ်တယ်၊ဘုရားဟော ပိဋကတ် စာပေကိုပြောတာပဲ၊ဘုရားဟော အမှန်တရားကိုဟောပြောလို. ၀ီရသူ အခုချိန်ထိ ထောင်ထဲမှာပါ၊ မန္တလေး တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်က ထောင်ဒဏ်နှစ်က နည်းတယ်ဆိုတဲ့ စကားကြောင့် နောက်ထပ် ထောင်သက်တမ်း တိုးသွားခဲ့တယ်၊ဗိုလ်ချုပ်တွေ အမိန့်အတိုင်း သံဃာများ ထောင်ထဲမှာ အနှိပ်စက်ခံ နေရတာပါ၊၊

စစ်အစိုးရလက်ထက်မှာ ဖွဲ.စည်းတားတဲ့ နိုင်ငံတော်သံဃမဟာနယကအဖွဲ.သည် တကယ်တရားမျှတဲ့ ပိဋကတ် တော်အတိုင်း သံဃာတွေရဲ. အမှုကိစ္စတွေကို အဂတိမလိုက်ဘဲ ဆုံးဖြတ်ခဲ့တာ အနည်းငယ်မျှရှိမယ်၊အထူးသဖြင့် ကျောင်းပိုင်ဆိုင်မှုများမှာ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ ဘုန်းကြီးတွေက အနိုင်ရခဲ့တာ၊မှန်ပေမဲ့ လဒ်ထိုးစရာ ငွေမရှိသလို ဗိုလ်ချုပ်တွေကို မဖားတာကြောင့် မှန်ပေမဲ့ အရှုံးပေးလိုက်ရတာတွေ အများကြီးပါ၊ သံဃမဟာ နာယကအဖွဲ. အထက်မှာ စစ်အာဏာရှင်စနစ်ဆိုး လွမ်းမိုးနေတာကြောင့် သံဃ၀ိနိစ္ထယ သံဃခုံရုံးဟာလည်း တရားမျှတမူမရှိဘဲ၊စစ်အစိုးရအလိုကျ ဆုံးဖြတ်ခဲ့မှုတွေမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ဗုဒ္ဓဘာသာတခုလုံး ဆုံးရှူံး နစ်နာပါတယ်၊ နောက်ဆုံးမှာ စစ်အစိုးရအကြိုက်လုပ်တဲ့ သံဃာနှင့် လူထုနှင့် သာသနာအကျိုး ကိုယ်သာ ရှေးရုလုပ်ကိုင်ပေးတဲ့ သံဃာတဖွဲ.ဆိုပြီး နှစ်ဖွဲ့ဖြစ်လာတယ်၊စစ်အာဏာမြဲရေးအတွက် သံဃမဟာနာယကအဖွဲ.ကြီးဖွဲ.တယ်၊ဒီအဖွဲ.ကြီးက သံဃာများကို မစောင့် ရှောက်ခဲ့ဘူး၊၊

၂၀၁၀ ရွေးကောက်ပွဲအလွန် ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန်

ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို. စစ်အစိုးရက ဘာသာ၊သာသနာကို ကြည်ညိုချင်ဟန်ဆောင်၍ အမြဲပြောနေတာပါ၊တကယ်က ၁၉၆၂ခုနှစ်ကစပြီး စစ်အစိုးရ သူ.အာဏာ မြဲရေးအတွက် အလွန်အတဲ့ ဘုန်းကြီးအိုကြီးတွေကိုစုပြီး သံဃာမဟာနာယကအဖွဲ.ထောင်တယ်၊ ဘွဲ.တံဆိပ်တွေနဲ့ဖိ၊ နောက်ဆုံး ဆရာတော်ကြီးတွေလဲ သံဃာမဟာနယက (၄၇)ပါးကနေ အပါး အရေအတွက် လျော့ချမယ်လုပ်တော့ ဘယ်ဆရာတော်ကမှ မဟန ရာထူးကနေမထွက်ချင်ဘူး၊အလွန်ရိုး ကြည်ညိုစရာ ကောင်းတဲ့ ဆရာတော်ကြီးများဟာ သံဃမဟာနယကအဖွဲ.ရဲ. ၀န်ကြီးတနေရာကနေ ပျောက်မသွားဖို.အတွက် ဆရာတော်များ နုတ်တော်က အမှန်တရားတွေ မဟရဲ မဟောရဲတဲ့ ဘ၀တွေပါ၊အခွင့်ရေးတောင်းဆိုတဲ့ ဘုန်းကြီးများလို. ဗိုလ်ချုပ်တွေက ကမ္ဘာအေးမှာ မလာရဲ အောင်ဖြစ်သွားခဲ့တယ်၊တကယ်တော့ စစ်အစိုးရက ဆရာတော်များအား ဘွဲ့တံဆိပ်ကပ်၊ အခွင့်ရေးတွေပေးခဲ့တာဟာ ကြည်ညိုလို.မဟုတ်ဘဲ တပြည်လုံးက သံဃာများအပေါ် မတရားတဲ့ အမိန့်တွေ စစ်အစိုးရကထုတ်ရင် စစ်အစိုးရအကြိုက် လက်မှတ်ထိုးရတာပါ၊ဘာသာရေးကို ခုံတုံးလုပ်ပြီး စစ်အစိုးရကသာ သံဃမဟာနယကအဖွဲ့ကြီးကို အသုံးချသွား ခဲ့ပါတယ်၊၊

သံဃာနှင့်သီလရှင်များ ”နိုင်ငံသားတယောက်အခွင့်လမ်းနှင့်တာဝန်ဝတ္တရားများ”ကို လုပ်ဆောင်နိုင်ဖို့ အခွင့်ရေးကို ၂၀၀၈ အခြေခံဥပဒေမှာ မပါရှိခဲ့ဘူး၊ဒါကြောင့်လည်း သာသနာ့ဝန်ထမ်းများက တိုင်းပြည်ရဲ့ အသက်သဖွယ် နိုင်ငံရဲ့ အခြေခံဥပဒေကို ရေးဆွဲစဉ်ကလဲ သံဃာတော်များက မဲပေးရွေးခြယ်ပိုင်ခွင့်မရခဲ့ဘူး၊ လာမည့် ၂၀၁၀ နိုဝင်ဘာလ (၇)ရက်နေ. ရွေးကောက်ပွဲမှာလည်း မဲပေးခွင့်နှင့် နောက်ဆုံး ရွေးကောက်ပွဲအချိန် မဲရုံးတွေမှာ သံဃာတော်များ သွားရောက်လေ့နိုင်တဲ့ အခွင့်ရေးတောင်မှ မရှိတာကို တွေ့နိုင်ပါတယ်၊သာသနာ့ ၀န်ထမ်းများအပေါ်မှာ မတရားဖိနှိပ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်လာမည့် အစိုးရအသစ်ကလဲ စစ်ဗိုလ်များပဲ ဖြစ်မယ်ဆိုတာ ထင်ရှားတယ်၊ အကယ်၍ သံဃာတော်များသာ မဲပေးဆုံးဖြတ်ပိုင်ခွင့်ရှိမယ်ဆိုရင် ပြည်သူဆန္ဒနှင့်အညီ အခြေခံဥပဒေမျိုး ပြည်သူချစ်တဲ့ အစိုးရမျိုးကို သံဃာတော်များက ရွေးခြယ်ခွင့်ရခဲ့ရင် တိုင်းပြည်မှာ စစ်ဝါဒစနစ်ဆိုတာ ရှိမှာမဟုတ်ဘူး၊စစ်အာဏာ တည်မြဲရေးအတွက် သာသနာ့ထန်ထမ်းများကို ကန့်သတ်ချုပ်ခြယ်မူတွေ ၁၉၆၂ ခုနှစ်ကစခဲ့တာ၊ယနေ့၂၀၁၀ အခြေခံ ဥပေဒ ဘုတ်အုပ်သစ်ကြီးထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်၊မတရားတဲ့ ဥပဒေအောက်မှာ သာသနာ့ဝန်ထမ်းများဟာလဲ ဘယ်လိုမှ လုံခြုံစိတ်ချနိုင်မှု မရှိဘူး ဆိုတာ လက်ရှိအမြင်ပါ၊၊

ဘုန်းကြီးတွေက တုံး အာဏာရှင်တွေက ပြုံး

ရှေးယခင်က ဒီဘုန်းကြီးက ရိုးလိုက်တာ ရှေးဆရာတော်များက အလွန်ကြည်ညိုစရာပေါ့ ဒါပေမဲ့ ရိုးသားတာဟာ ကြည်ညိုစရာဖြစ်သလို မရိုးသားတဲ့ လူယုတ်မာများ အသုံချရန် အခွင့်လမ်းပေးထားသလိုဖြစ်တယ်၊ စစ်အာဏာ ရှင်များရဲ. မာယာကြော့ကွင်းအောက်မှာ မဟာနာယက အသက်(၇၀)ကျော် ဘုန်းကြီးတွေကို တိုင်းပြည်တခု လုံးက သံဃာများကလဲ မကြည်ညိုနိုင်ဖြစ်ခဲ့ရတယ်၊ အသိမှား အမှတ်မှားအောင် လူထုထဲမှာ ဘုန်းကြီး ဆိုတာ ဓူရနှစ်ဖြာ စာသင်၊စာချ တရားပြ အလုပ်သည်သာဖြစ်တယ်၊အခြားပရဟိတ အလုပ်မျိုးကို လုပ်တဲ့ဘုန်းကြီး ဆိုရင် နိုင်ငံရေးဘုန်းကြီး သို.မဟုတ် အကြည်ညိုပျက်အောင် ဖန်တီးဝေဖန်တာတွေ မကြားချင်မှ အဆုံးပဲ၊သံဃာတော်များ ငတုံးငအ ဖြစ်နေချိန် စစ်အာဏာ ရှင်များက ပြုံးပြုံးချည်း လက်အုပ်ချီကာ အသုံးချသွားခဲ့တယ်၊ သံဃာဆိုတာ လူထုကိုဦးဆောင် တိုင်းပြည်ရဲ့ရှေ.ဆောင်မို. ခေါင်းဆောင်နိုင်သည့် အရည်အချင်းများ လောကီ၊ လောကုတ်နှစ်ဖက် ပြည့်ဝနေရမယ်၊ဒါမှသာ တိုင်းပြည်နှင့်သာသနာကို ထပ်တူ ကောင်းသည်ထက် ပိုကောင်း အောင်လုပ်ပေးနိုင်မယ်၊အခြေခံဥပဒေမှာ နိုင်ငံသားများအခွင့်လမ်း အတက်ပညာနှင့် အသက်မွေးဝမ်းကြောင်းမှု၊ ၀ိဇ္ဇာသိပ္ပံပညာ၌ နည်းဥပဒေများ ရှာဖွေဖော်ထုတ်မှုကို နိုင်ငံသားတိုင်း တန်းတူရှိရမယ်လို. ရေးထားသော်လည်း လက်ရှိမှာ သံဃာတော်များ ရန်ကုန် တက္ကသိုလ်လို နေရာမျိုးကို စစ်အစိုးရ အဆက်ဆက်က ပညာသင်ခွင့်မပေးခဲ့ပါဘူး၊၊

စစ်မှန်တဲ့အခြေခံဥပဒေမရှိ၊ လူထုဆန္ဒနှင့်အညီ တင်မြောက်ထားတဲ့ အစိုးရမျိုးလဲမဟုတ်၊တတိုင်းပြည်လုံးရဲ့ သံဃာတော်များဆန္ဒမဟုတ်ပဲ စစ်အစိုးရအလိုကျ ရိုးလွန်း၊အလွန်းတဲ့ ရှေးရိုးအမြင်တခုသာ သိတော်မှုကြတဲ့ ဆရာတော်ကြီးများကို အသုံးချကာ သံဃမဟာနာယကအဖွဲ့ အမည်တတ်၍ သံဃာ့အကျိုး သာသနာအကျိုးကို အလေးမထား နောက်ဆုံး သံဃာတော်များအား သေနပ်နဲ့ပစ်၊ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးမှုများ စစ်အစိုးရ လုပ်ခဲ့ချိန်မှာ ဘယ်သံဃနာယက ဆရာတော်ကမှ သံဃာဖက်က လူသိရှင်ကြား ပြောကြားခဲ့တာမရှိခဲ့ဘူး၊၊

ပြည်သူလုထု ဆန္ဒအမှန် ရွေးခြယ်တဲ့ အခြေခံဥပဒေဖြစ်မယ်၊လူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရမျိုးလဲ ဖြစ်မယ်၊မြန်မာနိုင်ငံတခုလုံးရဲ. သံဃာတော်များရဲ့ သဘောဆန္ဒနှင့်အညီ ရွေးကောက်တင်မြောက်တဲ့ နိုင်ငံနှင့် သာသနာအကျိုးလုပ်မည့် သံဃအဖွဲ့အစည်းမျိုးလိုအပ်တယ်၊တိုင်းပြည်ရဲ. လက်ရှိအခြေအနေမှာ ဘာတခုမှ ကောင်းတာမရှိ ပျက်ဆီးမှုတွေ အတိပြည့်နေတာပါ၊ Reform ပြုပြင်ပြောင်းလဲရာမှာ အတုရောင်တွေ ခ၀ါချ၍ စစ်မှန်ပြီး အနှစ်သာရပါတဲ့ အလုပ်မျိုးလိုပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံတော်ဖွဲ.စည်းပုံအစ သံဃနာယကအဖွဲ. အဆုံး လက်ရှိမှာ ဘယ်လိုမှ သာဓုခေါ်နိုင်စရာမရှိပါဘူး၊၊

အခြေခံဥပဒေ ရေးဆွဲကာလမှာလဲ တရားမျှတမှုမရှိဘဲ လုပ်ခဲ့တယ်၊မကြာခင် ရွေးကောက်ပွဲမှာလဲ မတရားတဲ့ အလုပ်မျိုးကို ဆက်လုပ်အုန်းမှာပဲ၊ရဟန်းရှင်လူကျောင်းသားပြည်သူတွေရဲ. သဘောဆန္ဒအမှန်မဟုတ်ဘဲ စစ်အာဏာနဲ. အတည်ပြုခဲ့တာ အသိပါ၊ ၁၉၆၂ ခုနှစ် ဦးနေ၀င်းအစ ဦးစောမောင် အလယ်၂၀၁၀၊ခုနှစ် ဦးသန်းရွှေအဆုံး ပြည်သူတွေက တောင်းဆိုခဲ့တဲ့ အချက်တွေကို ဘာတခုများ အလေးထားလုပ်ပေးခဲ့ဘူးလဲ၊ သံဃာများ သတ်ဖြတ်ပြီး သံဃာတော်များကို တောင်းပန် ၀န်ချလို.လား၊အာဏာရှင်တိုင်းဟာ အမှားကို ၀န်မခံတတ်ဘူး၊ လူမိုက်တွေရဲ့ သဘာဝတခုပါ၊၊

၂၀၁၀ ရွေးကောက်ပွဲ အဖြေမှန်

၁၉၉၀ ရွေးကောက်ပွဲ NLDကို တတိုင်းပြည်လုံးက မဲပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် အောင်ဆန်းသမီး အဖေတူစိတ်မျိုး အရည်အချင်းနဲ.သတ္တိ တပြိုင်တည်းချီတက်ခဲ့တာ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စကား တခွန်းအတိုင်း တိုင်းသူပြည်သားတွေက လိုက်နာ၊အကောင်အထည်ဖော်တယ်၊လူထုက ယနေ့ချိန်အထိ ဒေါ်အောင် ဆန်းစုကြည် အပေါ်မှာ လေးစားယုံကြည်နေတယ်၊ ဒီကနေ့ ရွေးကောက်ပွဲ ကာလမှာ လူထုက မုန်းနေတဲ့ စစ်အစိုးရ ဖူနီဖောင်းချွတ် ဗိုလ်ချုပ် ကြံ့ဖွတ်အဖွဲ့၊ဒီမိုကရေစီအင်အားစုလို့ ခေါင်းစဉ်တပ်(၆)ဖွဲ့ပေါင်း ထားတဲ့ လူတွေက တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ရင် စစ်အစိုးရ သူဟန်သူ ပြိုင်သူမရှိ တယောက်ထဲပြေးပြီး ပထမရတဲ့သူဖြစ်မှာပေါ့၊ ဒါမျိုးကို ကိုယ်နိုင်ငံတွင်းက လူထုကလဲ လက်မခံ၊နိုင်ငံတကာကလည်း အသိမှတ်မပြုပါဘူး၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်သားညီကို မောင်နှမများ ခြေထောက်များကို ရိုက်ချိုးပြီးကာမှ အပြေးပြိုင်ဖို. ဖိတ်ခေါ်တာပါ၊ ကြံ့ဖွတ်ပါတီက ခြေကောင်း လက်ကောင်း ပါလီမန်လွတ်တော်မှာ ထိုင်ခုံရှိပြီးသား၊ ဒီမိုကရေစီတပ်ပေါင်းစု (၆)ခုက ကိုယ်လက်အင်္ဂါမစုံဘူး၊ ဒီတော့ ခြေမကျိုးတဲ့သူက မျက်စီမမြင်၊မြင်တဲ့သူကျတော့လည်း ခြေမကောင်း၊မျက်စိနှင့် ခြေကောင်းတော့လည်း လက်က ကျိုးနေအောင် စစ်အစိုးရက လုပ်ခဲ့တယ်၊အဲတော့ မီးကျိုးမောင်းပျက်တွေဖြစ်သော်လည်း ဒီမိုကရေစီစနစ် တည်ဆောက် ချင်တဲ့ စေတနာကိုတော့လေးစားပါတယ်၊စစ်အစိုးရက ကိုယ်လက်အင်္ဂါ မစုံအောင် နှိပ်စက်ခဲ့ပြီမို. ဒီမိုကရေစီ စနစ် ဆွေးနွေးဖို. လွတ်တော်မှာ ထိုင်ဖို. အခွင့်ရေး ကြံ့ဖွတ်ပါတီကလွဲရင် ဘယ်သူကိုမှ မပေးဘူးဆိုတာ သိထားပါ၊၊

ပြည်သူလူထုကလည်း ကြံ့ဖွတ် ဗိုလ်ချုပ်တွေကို အလွန်မုန်းသလို ဒီမိုကရေစီပါတီ ကြွေးကြော်နေတဲ့ ပါတီတွေကိုလဲ လူထုကဘာတခုမှ မသိသလို ပြည်သူတွေ ယုံကြည်လောက်တဲ့ အနေထား ဘာမှ လုပ်ပြ နိုင်ခဲ့ခြင်းမရှိ၊ မဲထည့်ရေးပိုင်းမှာ ပြည်သူတွေက စိတ်မ၀င်စားသလို ဘယ်လိုနည်းနဲ့ဖြစ်စေ ယူနီဖောင်းချွတ် ဗိုလ်ချုပ်တွေပဲ အာဏာဆက်ယူမည်၊NLD အနိုင်ရခဲ့စဉ်က ဗိုလ်ချုပ်ဟောင်းများဖြစ်တဲ့ ဦးရွှေအောင်၊ ဦးကြည်မောင်၊ဦးတင်ဦး တို့အား သန်းရွှေက နှိပ်စက် ထောင်ချသလို၊စစ်အတွေ့ကြုံမရှိ၊ဒါပေမဲ့ ရရှား၊အိန္ဒိယ နိုင်ငံတွေမှာ ပညာသင်လာတဲ့ ဗိုလ်ချုပ် ပေါက်စတွေက အာဏာသိမ်းကာ ရွှေမန်း၊သိန်းစိန်၊ဋ္ဌေးဦးတို.ကို တဖန် ထောင်ထဲထည့် ငမိုက်သားများ ၀ဋ်ကျွေးကို မသေခင်ခံရမှာပါ၊

မြန်မာနိုင်ငံ အနာဂတ်သာသနာ ခေါင်းဆောင်မှုမှာ မျိုးဆက်သစ် သံဃာများသာဖြစ်တယ်၊တိုင်းပြည်မှာ ဖြစ်ပေါ် လာမည့် စီပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး တိုင်းပြည်ရဲ့ အရေးမှန်သမျှ တိုင်းသူပြည်သားအားလုံးမှာ တာဝန်ရှိသည် တဦးတယောက်က တာဆီးပိတ်ပင်ရင် ထိုမတရားမှုကို ဆန့်ကျင်ရမယ်၊မြန်မာနိုင်ငံ ဒီမိုကရေစီ နှင့် လူ့အခွင့်ရေးကို အခြေခံပြီး တိုင်းပြည်နှင့် သာသနာတိုးတက်ကောင်းမွန်အောင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများမှာ လုပ်ပိုင်ခွင့်သည် မွေးရာပါ အခွင့်ရေးဖြစ်တယ်၊၊

မြန်မာနိုင်ငံ ထေရ၀ါဒသာသနာတော်ကို မြတ်စွာဘုရားသားတော် ရဟန်းတော်များနှင့် သမီးတော် သီလရှင်က ကိုယ်ပိုင် စီရင်ဖန်တီးနိုင်ခွင့်ရှိရမည်၊သာသနာနှင့် ပတ်သက်ပြီး အကောင်းအဆိုးများကို သံဃဆန္ဒနှင့်အညီ တင်မြောင်ထားသည့် သံဃအဖွဲ့အစည်းကသာ ဖြေရှင်းပေးမည်၊သံဃအဖွဲ့အစည်း ရွေးခြယ်ရာ၊သံဃာများ အပြစ်တစုံတရာရှိပါက သံဃခုံရုံးမှ ဆုံးဖြတ်ပေးရမည်၊လူအာဏာပိုင်အဖွဲ့အစည်းက လုံးဝစွတ်ဖက်ခွင့်မရှိစေရအောင် တပြည်လုံးက သံဃာများနှင့် ဗုဒ္ဓဘာသာဝင်များ အားလုံးက နားလည်သဘောပေါက်ဖို့လိုပါတယ်၊၊

တရားမျှတမှုမရှိတဲ့ စနစ်ဆိုးအောက်မှာ သီလပေး ရေစက်ချဖို.လောက်သာ စဉ်းစားနေမယ်ဆိုရင် သာသနာနှင့် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးပါတယ်၊မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်တဲ့ ပြည်သူ.အစိုးရအောက်မှာသာ စစ်မှန်တဲ့ သာသနာပြုလုပ်ငန်းတွေကို လုပ်နိုင်မှာပါ၊မြန်မာနိုင်ငံမှာ သာသနာတည်တန့်ပြန့်ပွားရေးရဲ့ အခြေခံဖြစ်သည့် ဘုန်းကြီးကျောင်းပညာရေးနှင့် ကိုယ့်အခွင့်ရေးကို တားဆီးပိတ်ပင်တဲ့ မတရားတဲ့ဥပဒေကို သံဃာတော်များအားလုံးက တညီတညွတ် ဆန့်ကျင်ရမယ်၊ တိုင်းသူပြည်သားများ အကျိုးစီးပွားဖြစ်ထွန်းမှ သာသနာတော်လဲ စည်ပင်သာယာနိုင်မည်၊ ပစ္စည်းလေးပါး အလှူရှင်ရှိမှ သံဃာရှိမယ်၊သံဃာများရှိရင် သာသနာတော်ဆိုတာလဲ ရှိနေမည်၊မြန်မာနိုင်ငံ ဆင်းရဲမွဲတေပြီး ငရဲပြည်လို ဖြစ်နေတဲ့ ဒီတိုင်းပြည်မှာ သံဃာနှင့် သာသနာဘယ်မှာ အသက်ရှည်နိုင်မှာလဲ၊ဒီအချက်ကို မျိုးဆက်သစ် ရဟန်းတော်များက အလေးထားပြီး“သာသနာ့အရေး ဒို့အရေးပေ ဆရာရော ဒကာရော၊မလျော့သော စိတ်တွေ၊ ဘယ်ရန်သူမျိုး ထိုးဖောက်လာစေ ဒို.မမှု ပေါင်းစုကာကွယ်မလေ” သာသနာ့ဥသျှောင်အဖွဲ့ မစိုးရိမ်ဆရာတော်ကြီး သြ၀ါဒအတိုင်း သာသနာ့ အန္တရာယ်ကာကွယ်ရေးများကို တစိုက်မတ်မတ်လုပ်နိုင်ကြပါစေ၊၊

အစအဆုံး..သို့ ...

သန်းရွှေရဲ. မာယာခရီး

ဂါယာနှင့်မာယာ သို.မဟုတ် သန်းရွှေရဲ. မာယာခရီးကြမ်း

ဗုဒ္ဓါဂါယာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ကြည်ညိုလေးစားကြတဲ့နေရာဖြစ်ပါတယ်၊သံဝေဂ ရဖွယ်ရာဖြစ်သလို၊ သံဝေ ဇနိယလေးဋ္ဌာနကို သွားရောက်ပြီး ဖူးမျှော်ကန်တော့သူတိုင်း လက်ရှိဘ၀နှင့်နောင်တမလွန်ဘ၀တွေမှာ ကောင်းတဲ့ အကျိုးတွေ ရရှိနိုင်တာကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဟောကြားခဲ့လို. အလွန်မှန်ကန်တဲ့ သစ္စာတရားတခုပါပဲ၊၊

ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာမဇ္ဈိမဒေသဆိုတာ အလွန်သန်.ရှင်းတယ်၊မွန်မြတ်တယ်၊သစ္စာလေးပါးတရားတော်ကို သိတော်မူခဲ့တဲ့ ဗောဓိပင်နှင့်ရွှေပလ္လင်တော်မြတ်ရှိရာ နေရာတခုလဲဖြစ်ပါတယ်၊တနည်းအားဖြင့် ဂါယာက မဟာဗောဓိ စေတီတော်သည် “မှန်” အကြည်တချပ်လိုပါပဲ၊ ကိုယ်မျက်နှာမှာ အိုးမဲတွေရှိနေရင် အမည်းရောင်တွေမြင်ရမယ်၊ ကောင်းတဲ့ သနပ်ခါးနှင့်တူတဲ့ ကုသိုလ်ရှိသူဆိုရင်လဲ အဖြူရောင်တွေ တွေ.ရမှာပါ၊၊

ဒုက္ခရောက်မှ ဘုရားကို သတိရ၊ချမ်းသာပျောက်မှ တရားတော်ကို တမ်းတ၊လူသေပြီး အသုဘချခါနီးမှ ရဟန်းသံဃာကို ဆီးကပ်တဲ့ လူ.လောက သဘာဝကို မြင်နိုင်ပါတယ်၊ဒီကနေ. တောက်လောင်နေတဲ့ မြန်မာနိုင်ငံရဲ. လူနေမူဘ၀အစ သာသနာ့အန္တရာယ်များအလယ် အုပ်ချုပ်တဲ့ စစ်အစိုးရနှင့် နိုင်ငံအပေါ် သစ္စာတရားပျက်နေတဲ့ နိုင်ငံရေးသမားအမည်ခံ အတ္တသမားများရဲ. အကြံအဥာဏ်တွေကို ဂါယာက မှန်တချပ်ရှေ့မှာ ထောင်ပြလိုက်ရင် ပြည်သူလူထုက အမှန်တကယ် သာဓုခေါ်ဆိုနိုင်လား၊ဂါယာဆိုတာ သစ္စာနယ်မြေ၊အမှန်တရားကိုမြတ်နိုးပြီး လောကတ္ထစရိယ လောကလူသားတွေအကျိုး အတွက် ဆောင်ရွက်ပေးသွားခဲ့သော သဗ္ဗညု ဗုဒ္ဓရှင်တော်ဘုရား၏ ရောင်ခြည်တော်ကွန်.မြူးရာဖြစ်ပါတယ်၊၊

မာယာဆိုတာ လှဲ.ပတ်တာ၊လိန်လည်တာ၊မရိုးမသား ကွေ.ကောက်ပြီး ကောက်ကျစ်စဉ်းလဲ မာယာများတဲ့သူတွေနဲ. ဗုဒ္ဓဂါယာ မဟာဗောဓိတော်နှင့် လုံးဝမအပ်စပ် ဖြောင့်ဖြောင့် ဆန်.ကျင်တာပါ၊ရဟန်းသံဃာနှင့် ပြည်သူလူထုများစွာကို သတ်ဖြတ်ခဲ့သော အကုသိုလ်မိုက်ကျွေးတွေဟာ ဘယ်ဘုရားကမှ မကယ်နိုင်ပါဘူး၊”သဒိသံပါကံ ဇနေတိ’’ မကောင်းတာ လုပ်ရင် မကောင်းကျိုး ခံရမယ်လို. ဗုဒ္ဓကဟောခဲ့ပြီးဖြစ်ပါတယ်၊ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် စစ်ဝါဒီအုပ်စု လူပေါင်း (၇၀)ကျော် ဂါယာမှာလာပြီး ဘုရားရှေ.မှာမာယာများနေမယ်ဆိုရင် ဘုရားက မချွတ်ထိုက်တဲ့ လူမိုက်တွေမို. တိတ်ဆိတ်စွာ နေမှာပါ၊ဒါပေမဲ့ သူတို.ပြစ်မှားခဲ့တဲ့ အကုသိုလ်တွေက သူတို.နောက်ကို အရိပ်ကဲ့သို. ထပ်ချပ် မကွာလိုက်နေမှာပါ၊၊

စည်းနှင့်ဝါး ညီညွတ်စွာ “ကပြ” လျှင် အက ကောင်းလို. သတ်မှတ်နိုင်သလို ဗုဒ္ဓဘာသာဆိုတာ ကိုယ်နဲ.လုပ်ဆောင်တဲ့ ကာယကံမူ၊နုတ်တဲ့ပြောတဲ့ ၀စီကံမူ၊ကြံစည်တွေးတောမူ မနောကံမူ၊ဒီကံသုံးပါးကို ကုသိုလ်သဘော ဖြစ်အောင် ဘ၀ကို ထူထောင်သွားမယ်ဆိုရင် ဗုဒ္ဓဘာသာ အစစ်ဖြစ်တယ်၊ဗုဒ္ဓလဲ ပရိနိဗ္ဗာန်စံခဲ့ပြီ၊ဓမ္မသဘင်လည်း ကွယ်ပျောက်မသွားရ အောင်လို. ရှင်မဟာကဿပ အစရှိတဲ့ ရဟန္တာမထေရ်ကြီးများအစ လက်ရှိသံဃာတော်များက ပိဋတ်တော်တွေကို ပခုံးထမ်း အဆက်ဆက် သာသနာပြုလာခဲ့မှာ လက်တွေ.အမြင်ပဲဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံမှာ စစ်တပ်ကနေ တောင်ဥက္ကလာပ၊ ငွေကြာရံပရိယတ္တိစာသင်တိုက်က ဘုရားဆင်းတုတော်များ ရိုက်ချိုး၊ ကျောင်းတိုက်တွေဖျက်၊သံဃာတော်တွေကို ဖနှောက်နဲ.ကန်၊တုတ်တွေနှင့်ရိုက်၊ သေနတ်တွေနှင့် ပစ်သတ်ခဲ့လို.သံဃာတွေ အများအပြား ပျံတော်မူခဲ့ရတဲ့ နေ.ရက်တွေဟာ ဗုဒ္ဓဂါယာ မှန်တချပ်ရှေမှာ ပေါ်လွင်နေမှာဖြစ်ပါတယ်၊ဘုရားကို ကြည်ညို၊ သံဃာကို ကိုးကွယ်၊ဗုဒ္ဓတရားတော်အတိုင်း လိုက်နှာကျင့်သုံးမယ်ဆိုရင် ဗုဒ္ဓါဂါယာသွားစရာမလို အမှန်တကယ် ရိုးရိုးသားနဲ. မြန်မာပြည်က သံဃာတွေကို ၀န်ချတောင်ပန်မှသာ အပြစ်က သက်သာမှာပါ၊ဘုန်းတော်ကြီးတွေကို အများကြီးသတ်ခဲ့ပြီးမှ ဘုရားမှာဝန်ချတောင်းပန်တာဟာ AIDS ရှိတဲ့သူကို ဘာမီတွန် အကိုက်အခဲပျောက်ဆေး တိုက်၍ ဆေးကုသလိုဖြစ်နေပါတယ်၊သတ်တာတယောက် တောင်းပန်တာက တယောက်လုပ်လို.မရပါဘူး၊၊

သစ္စာတရား၏တန်ခိုး တနည်းအားဖြင့် သစ္စာလေးပါးကို သိတော်မူခဲ့တဲ့ မဟာဗောဓိပလ္လင်မှာ သစ္စာတရားမရှိတဲ့ စစ်ဝါဒီများက သံဃာတွေနှင့် တိုင်းပြည်သူပြည်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေကို ၀န်ချမတောင်းပန်ရင် ဂါယာမှာ မယာများပြီး ဆက်လက်ဟန်ဆောင်တာက ပိုပြီးဆိုးပါတယ်၊ ဆိတ်ပေါင်ကြားက ပစ္စည်းလို ဟိုဖက်ကပ် ဒီကပ်နဲ. အကုသိုလ်အထုပ်ကို ခေါင်းပေါင်းထားတဲ့ ပန်ချာပီခေါင်းပေါင်း ကုလားဝန်ကြီးချုပ်နဲ. တမူးနယ်စပ်က တိုင်းရင်းသားတွေကို သဘောတူသတ်ဖြတ်ဖို. လက်မှတ်ထိုးပြီးမှ ဗုဒ္ဓဂါယာမှာ တရားထိုင်ပြနေတာ အလွန်ရှက်စရာကောင်းပါတယ်၊၊

နိဗ္ဗာန်ကို ပန်းတိုင်အဖြစ်ထားရင် ပန်းတိုင်၏ အလိုသို.သာလိုက်ရမယ်၊အတ္တ၊မာနတွေရဲ. အလိုဆန္ဒကို မလိုက်ရဘူး၊ ဒီမိုကရေစီနှင့် လူ.အခွင့်ရေးဟာ မြန်မာနိုင်ငံရဲ. ပန်းတိုင်လို. ဦးတည်ခဲ့ရင် ဒီမိုကရေစီရဲ. အနှစ်သာရနှောက်သာ လိုက်ရမယ်၊စစ်ဝါဒနှင့် စစ်အုပ်ချုပ်ရေးစနစ်ကို ကြောခိုင်းရမယ်၊နိဗ္ဗာန်လို. ပါးစပ်ကအော်ပြီး လုပ်တာက အကုသိုလ်ချည်း ဆိုရင် အော်လို. မောတာပဲရှိမယ်၊ဒီမိုကရေစီလို. ပြောပြီး အခြေခံ ဒီမိုကရေစီအခွင့်ရေးတွေ ဖန်တီးတည်ဆောက်ပေးမူမရှိ လျှင် ဂါယာက ဘုရားကတော့ သန်းရွှေဟာ မယာသမားပါလားလို. ဘုရားမပြောနဲ့ ကမ္ဘာတခုလုံးကတောင် သိနေပါပြီ၊ တိုင်းပြည်ပေါ် သစ္စာမရှိတဲ့သူတွေ တကယ်ဖြူစင်တဲ့ သစ္စာနယ်မြေရောက်တာဟာ သူတို.အကုသိုလ် ရေချိန်အမှတ် ဒီဂရီကို တကယ်သိသွားပြီး ငါ့ဘ၀တော့ ကြီးရင့်လေ ကွဲပြဲထွက်တဲ့ ဒူးရင်းသီးလိုပါလားဆိုပြီး သံဝေဇနိယဋ္ဌာနမှာ တကယ်သံဝေဂ ရသွားရင်လဲ ကောင်းပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် ဗိုလ်ချုပ်တွေအားလုံး တကယ်သံဝေဂ ရစေချင်ပါတယ်၊သူတို.တတွေက ပွဲစဉ်တိုင်း အနိုင်ရချင်တဲ့ ပုထုဇဉ်လူမိုက်တွေမို.၊ဆက်ပြီး မမိုက်ကြဘဲ၊သစ္စာတရားနှင့် ကံကြမ္မာကို လှဲ.စားလို.မရပါဘူး၊ တနေရာထဲ မွေးခဲ့ကြ၊နေရာအတူမှာ ကြီးခဲ့ရ၊တရေထဲသောက်ပြီး အတူတူနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ၊ အေးစေ ချင်သည်၊တိုင်းပြည်မှာ လောင်ကျွမ်းနေတဲ့ အပူရှိန်တွေရဲ. ဒဏ်ကို တိုင်းသူပြည်သားအားလုံး ခံနေရသည်၊ ဗုဒ္ဓေါဝါဒ ဆရာတော်က စစ်သားကို မုန်းလို.မဟုတ်၊စစ်သားလုပ်တဲ့ အလုပ်က ပြည်သူတွေ မပြုံးနိုင်လို.သာ ဆုံးမသြ၀ါဒပေးရသည်၊ ပြည်သူက မမုန်း၊သံဃာတော်တွေက စစ်သားအပေါ်ကို မေတ္တာမပျက်အောင်လည်း တရားဓမ္မတွေ အကြိမ်ကြိမ်ဟောခဲ့ပြီ၊ ကိုယ့်ရဲ. တိုင်းပြည်သူ ပြည်သားအားလုံးကို တကယ်ချစ်ဖို.လိုပါတယ်၊၊

ဘုရား၊ရဟန္တာမှအပ၊ပုထုဇဉ်လူးသားတွေဟာ အိုမှာ၊နာမှာ၊သေမည့်ဘေးကို ဆိုက်ရောက်လာပြီဆိုရင် ထိန်.လန်. ကြောက်ရွံ.နေတတ်တာ သဘာဝပါ၊အိုနာ၊သေရေး၊ဒုက္ခဘေးကလဲ ဘယ်သူမှ မလွတ်ပါဘူး၊ကိုယ့်ဘ၀၊ ကိုယ့်စည်းစိမ်ကို တန်ဘိုးထားရင် တိုင်းသူပြည်သားတွေရဲ. အကျိုးစီးပွားကိုလဲ အလေးထားနိုင်တဲ့ မုဒိတာ တရားကိုမွေးရမယ်၊ ရဟန်း သံဃာတွေကို ဘယ်လောက်ပဲ သတ်ဖြတ်ခဲ့စေအုန်း ဘုရားသားတော် ရဟန်းတော်တွေက ဗုဒ္ဓသားတော်မို. မေတ္တာ တရားဆိုတာ လူရွေးလို.မရသလို ကိုယ်ရဲ. တိုင်းသူပြည်သားအားလုံးအပေါ်မှာ မေတ္တာဓာတ်တွေ အပြည့်ရှိပြီးသားပါ၊၊

ဂါယာနှင့် မာယာ တလမ်းဆီပဲ၊မယာများတဲ့ နှလုံးသား အမည်းနဲ. ဂါယာဘုရားမှာ သံဝေဂ မပွားခင်၊ မုဒိတာပွားတဲ့ အနေနဲ. ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတဂုံဘုရားမှာ ဖူးခွင့် ပေးသွားနိုင်ရမယ်၊ဂါယာဆိုတဲ့ မြင့်မြတ်တဲ့နေရာမှာ သွားရောက်ဖူးမျှော်ခဲ့ရင် မယာတွေ ဆေးကြောပြီး တဒုန်းဒုန်း တတိုင်းတိုင်း နှိမ့်စက်ခံနေရတဲ့ ထောင်အတွင်းက အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို တကယ်မေတ္တာစိတ်နှင့် လွတ်ပေးသင့်ပါတယ်၊လွတ်ပေးပါလို.လဲ ဗုဒ္ဓေါဝါဒ ဆရာတော်က မေတ္တာရပ်ခံပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ. ဗုဒ္ဓဂါယာ အပြန် မြန်မာနိုင်ငံကို ရောက်တဲ့ အချိန်မှာ တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာတရားကြီးစွာနှင့် ဆက်ဆံပြီး ထောင်ထဲမှာ ၀ါဆိုနေရသည့် သံဃာတော်များအားလုံးလည်း ကိုယ်ကျောင်း ကိုယ့်ကံ ကိုယ်ဆရာသမား မိဘများနှင့်အတူ ပျော်ရွင်စွာ နေထိုင်နိုင်အောင်၊အားလုံးသော နိုင်ငံရေးကြောင့် အကျဉ်းကျနေသည့် ကိုယ့်တိုင်းပြည်က ကိုယ်.ရဲ. သားသမီးများလို မေတ္တာဓာတ်ကြီးမားစွာထား၍ ‘’ဗုဒ္ဓဂါယာလွတ်ငြိမ်းချမ်းသာခွင့်” အနေနဲ. လွတ်ပေးပြီး ကုသိုလ်ယူပါလို. တိုက်တွန်းလိုပါတယ်၊၊

ဗိုလ်ချုပ်မှူးကြီးရဲ. ဗုဒ္ဓဂါယာ တခေါက်ဟာ တိုင်းသူပြည်သားတွေအတွက် အလွန်ဝမ်းမြောက်စရာ ဖြစ်နိုင်တဲ့ လုပ်ဆောင် ချက်မျိုး ဖြစ်လာစေရန် ဗုဒ္ဓေါဝါဒဆရာတော်က မျှော်လင့်ပါတယ်၊ဒကာကြီး ဦးသန်းရွှေလဲ အသက်ရွယ် ကြီးလာပြီ၊ ဒကာမကြီး ဒေါ်ကြိုင်ကြိုင်လည်း စိတ်ရှိတိုင်း မပါနိုင်တော့တဲ့ နိယာမ တရားသဘောကို သံဝေဂတရားများ ရ၍ အုပ်ချုပ်တဲ့သူများက တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာရေပက်ဖြန်းလို. တိုင်းသူပြည်သားတွေကလဲ အုပ်ချုပ်တဲ့ သူတွေကို မုဒိတာပွားကာ အပြန်အလှန် မေတ္တာတရားတွေနှင့် အတူတကွ ပေါင်းသင်းနေထိုင်နိုင်ရေး ငြိမ်းချမ်းရေး အထိမ်းမှတ်အဖြစ် ဒကာကြီးက “ဗုဒ္ဓဂါယာ လွတ်ငြိမ်းချမ်းသာခွင့်” မေတ္တာရေစင်ကို စတင်တည်ဆောက်၍ အမှောင်ထဲက ထောင်အကျဉ်းသားတွေအားလုံးကို ပျော်ရွင်ခွင့်ပေးကာ တိုင်းပြည် ငြိမ်းချမ်းတဲ့ လမ်းကိုရောက်စေနိုင်ပါတယ်၊၊

မာယာမများပဲ ဂါယာသွားခဲ့တာလား၊ဘ၀တမလွန် သာယာဖို.အတွက် ဗုဒ္ဓဘာသာဆိုတာ လက်တွေ.လုပ်ပြရတာ ဖြစ်ပါတယ်၊ဒါကြောင့် ဗောဓိပင်နှင့် ရွှေပလ္လင်မှာ အမှန်တကယ် တရားကို မြင်ခဲ့ရင်ဖြင့် တိုင်းသူပြည်သားတွေအားလုံး ၀မ်းသာစရာဖြစ်သလို၊ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ပါသွားတဲ့ အခြားသော ဗိုလ်ချုပ်တွေကလည်း တရားနှင့်တွေ.ပြီး နှလုံးသား တွေဖြူစင်၍ တိုင်းပြည်ကောင်းဖို.အတွက် ကောင်းတဲ့ အကြံအဥာဏ်ကောင်းများကိုသာပေးရမယ်၊ မကောင်းတဲ့ အကုသိုလ်ဖြစ်မည့် မကောင်းတဲ့ အကြံဆိုးတွေကို ရှောင်ရှားနိုင်ရမယ်၊ ကာယကံ၊၀စီကံ၊မနောကံ ဒီကံသုံးပါးကို ထိမ်းသိမ်းပြီး တိုင်းပြည်ရဲ.ကောင်းကျိုးကိုယ်သာ ရှေးရုဖို.ရာ ဂါယာဘုရားမှာ သစ္စာအဓိဋ္ဌာန်ပြုခဲ့မယ်လို. မျှော်လင့်ပါတယ်၊၊

တိုင်းပြည်မှာ ရှိတဲ့ ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့ ဒကာကြီးများက မေတ္တာရေ စတင်ပက်ဖြန်းနိုင်ပါစေ……..၊၊

အစအဆုံး..သို့ ...

ဝိုင်းစုခိုင်သိန်းပေါ် ဘုန်းဘုန်း သဘောထား

ရှစ်လေးလုံးသမိုင်းနှင့် ၀ိုင်းစုခိုင်သိန်း သို.မဟုတ် ဘုန်းဘုန်းစံရဲ. ၀ိုင်းစုခိုင်းသိန်းပေါ်သဘောထား 8-3-2010

အင်္ဂလန်က ဒကာမတဦးက အီးမေးကနေ စာတဆောင်ရေးလာပါတယ်၊အားလုံးလဲဖတ်ပြီးဖြစ်ပါလိမ့်မယ်၊ဒကာမစာထဲမှာ ဘတ်ဖဲလိုးမြို.မှာ ရောက်လာမည့် ၀ိုင်းစုခိုင်သိန်းဟာ “ အာရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇတ်ကားရိုက်ခဲ့ပြီး ရှစ်လေးလုံးရဲ. သမိုင်းအမှန်ကို မေးမှိန်အောင်လုပ်တာ ဖြစ်တဲ့အကြောင်းနှင့် ရှစ်လေးလုံးနေ.မှာပဲ ပျော်ပွဲရွင်ပွဲလုပ်တာဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း ရေထားတဲ့စာလို. စာရဲ.အနှစ်ချုပ်ကို နားလည်မိပါတယ်၊၊

ဘတ်ဖဲလိုးမြို. ဘုန်းကြီးကျောင်းသမိုင်း

ဆရာတော်ပံ့ပိုးမူဖြင့် ငွေအကြေချေပြီး ၂၀၀၆ ခုနှစ်မှာ ကျောင်းတိုက်ကို ၀ယ်ယူခဲ့ပါတယ်၊ဘုန်းဘုန်းအနေနဲ. ၂၀၀၆မှ၂၀၀၈ အထိ(၃) နှစ်တိုင်အောင် ဆရာတော် သြ၀ါဒဖြင့် ကျောင်းတိုက်ကို တာဝန်ယူကာ သာသနာပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်၊ကျောင်းကို နှစ်သောင်းကျော်ကျော်ပေးဝယ် ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ကျောင်းတန်ဘိုးမှာ ငါးသောင်းကျော်ဖြစ်နေပါတယ်၊ကျောင်းစတင်ဝယ်ယူခဲ့ စဉ်က ဆရာတော်ဆိုက်ခဲ့သော ငွေ နှစ်သောင်း ကိုသာ ဆရာတော်အား ပြန်လည်လှူဒါန်းခဲ့ပါတယ်၊ကျောင်းတိုက်မှာ (၃)ပါးပိုင်ဖြစ်နေ သော်လည်း ဆရာတော်ကလဲ သုံးနှစ်တောင် ငွေဆိုက်ပေးခဲ့သလို ကျောင်းတိုးတက်ဖို.အတွက် အဖက်ဖက်က ပံ့ပိုးကူညီခဲ့တယ်၊၂၀၀၉ ခုနှစ်မှာပဲ ဆရာတော်နှင့် ဘုန်းဘုန်းက ကျောင်းပိုင်ဆိုင်မူ အားလုံးကို ဘာတခုမှ မယူဘဲ ဦးနန္ဒ၀ံသအားလှူဒါန်းခဲ့ပါတယ်၊ ကျောင်းစတင်ကထဲက ဆရာတော်က စေတနာအပြည့်နှင့် လုပ်ပေးသလို ဘုန်းဘုန်း ကလည်း ကျောင်းတိုက်ကို စတင်ထူထောင်ပေးခဲ့သူ တပါးအနေနဲ. ကိုယ်စပြီး သာသနာပြုပေးထားတဲ့ ကျောင်းတိုက်တခုကို သံယောဇဉ်ရှိပါတယ်၊ ဒါပေမဲ့လည်း ဒီကနေ. ဘုန်းကြီး အမှုက ရွာတင်မက ရှစ်လေးလုံး သမိုင်းကို မေးမှိန်အောင် သရုပ်ဆောင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းက ဘတ်ဖဲလိုး သီချင်းဆိုမယ် ဆိုတော့ ဘုန်းကြီး အမှုက ကမ္ဘာပတ်ဖြစ်နေပြီ၊လူအများကဘုန်းဘုန်းဆီကို စာတွေ ရေးကြ၊ဖုံးတွေခေါ် ကြပါတယ်၊၊

မေတ္တာနန္ဒဓမ္မရိပ်သာ အမည်နဲ. ဘုန်းဘုန်း(၃)နှစ်တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ဆရာတော်သြ၀ါဒနှင့် မေတ္တာရောင်ခြည်ကျောင်းလို. ပြောင်းရန် ဦးနန္ဒ၀ံသကို ပြောထားခဲ့ပါတယ်၊ကျောင်းနာမည်သည် မေတ္တာနန္ဒဓမ္မရိပ်သာ မဟုတ်ပဲ၊မေတ္တာရောင်ခြည်ကျောင်း ဖြစ်တယ်ဆိုတာ အားလုံးကို အသိပေးပါတယ်၊မေတ္တာနန္ဒဓမ္မရိပ်သာအနေနဲ. အနုပညာသမားများကို ခေါ်ဆိုခဲ့ခြင်းမရှိပါဘူး၊ အော်ဂနီ ကျောင်း ဆရာတော် ဦးဣဿရိယက ငါ့ကျောင်း အတွက်ဆိုရင်ပွဲမလုပ်ဘူး၊အသင်းကစဖွန်စာပေးရမယ်ဆိုရင် အသင်းကို ဘယ်လောက် လှူဆိုပြီး ဦးနန္ဒ၀ံသနှင့် ကတိထားပြီး လက်မှတ်ထိုးပေးခဲ့လို. အနုပညာ အဆိုတော်တွေရောက်လာကြောင်း အော်ဂနီဆရာတော်က ရှင်းပြပါတယ်၊နောက်ပိုင်းမှာ ဦးနန္ဒ၀ံသ ဘာတွေလုပ်တယ်ဆိုတာ သူမသိ ကြောင်းပြောပါတယ်၊

အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇတ်ကား ပြဿနာ

စစ်အစိုးရက ၀ါဒဖြန်.ကားပေါ့၊ရှစ်လေးလုံး သမိုင်းအမှန်ကို ဖုံးကွယ်ပြီး မဟုတ်တာတွေ ဖန်တီး၍ မင်းသားမင်းသမီးတွေ များစွာပါဝင် နေတယ်၊တရားခံ ကတော့ စစ်အစိုးရပါ၊ဒါပေမဲ့ ဒီဇတ်ကားထဲမှာ မပါတဲ့ အနုပညာသမားတွေ အများကြီးရှိနေတာပဲ၊ဘယ်လိုပဲဖြစ်စေ ရှစ်လေးလုံး ဖြစ်ရပ်မှန်ကို ဖုံးဖို. ကြိုးစားနေတဲ့ စစ်အစိုးရလုပ်ရပ်က လက်ခံနိုင်စရာမရှိပါဘူး၊ အသိဥာဏ်မရှိတဲ့ ခွေးနက် စစ်ခွေး တကောင်လိုမျိုး အနုပညာရှင်တွေက စစ်အစိုးရ ခိုင်းတိုင်း လိုက်ပြီး မလုပ်ဘူး ဆိုတဲ့ အသိတရားနှင့် ကိုယ့်ထမင်းကြွေးတဲ့ ပြည်သူလူထု နှစ်လုံးသားကို ရှေးရုသင့်ပါတယ်၊၊

ရှစ်လေးလုံးနေ.မှာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ စစ်တပ်က ပစ်သတ်မူကြောင့် များစွာသေခဲ့တာ ကမ္ဘာအသိပါပဲ၊ရှစ်လေးလုံးနေ. ရောက်ရင် ကျဆုံးသွားသော ရဟန်းရှင်လူကျောင်းသားပြည်သူများအတွက် ဆွမ်းကျွေး အမျှပေးဝေရမည့်အစား သီချင်းဆိုပြီး ပျော်ပွဲရွင်ပွဲ လုပ်မယ်၊ဆိုကြမည့် သူတွေကလဲ ရှစ်လေးလုံးသမိုင်းကို ကမောက်ကမ လုပ်ထားတဲ့ အဆိုတော်တွေဖြစ်နေတယ်၊ရှစ်လေးလုံးဆိုတာ ပျော်စရာမဟုတ် တကယ်တိုက်ပွဲ၊ ရှစ်လေးလုံးဆိုတာ စစ်တိုက်တမ်းကစားခဲ့တာမဟုတ် တကယ်စစ်ပွဲ၊ရှစ်လေးလုံးကျောင်းသားဆိုတာ အပေးအယူလုပ်တာမဟုတ် သတ္တိရဲလို. မင်းကိုနိုင်၊ ကိုကိုကြီး ယနေ.ထိ ထောင်ထဲမှာ တိုင်းပြည်အတွက် ပေးဆပ်နေဆဲပါ၊အလားတူ ကျောင်းသားတွေ အမေရိကန်ပြည်နယ်အသီးသီးမှာ ရှစ်လေးလုံး ရဲဘော်များအတွက် ရေစက်ချအမျှပေးဝေချိန် ဘတ်ဖဲလိုးမြိုမှာ ဆိုကြ၊ ကကြမယ်ဆိုရင် အလွန်ဝမ်းနည်းစရာ လုပ်ရပ်ဖြစ်သွားမယ်၊ ဘတ်ဖဲလိုးအစ အမေရိကန်ရှိ ကျောင်းသားရဲဘော်များ သမိုင်းဟာလဲ အရိုင်းပန်းလိုပဲ အမွေးရနံ.ကင်းသွားမယ်၊ တော်လှန်ရေး ရေချိန် ၂၀၁၀ ဆိုတာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ အားလုံးအသိပါ၊၊

မင်းမော်ကွန်း သင်္ကန်းမပါဘဲ ဆေးမင်ကြောင် အရုပ်ထိုးလိုက်တဲ့ ပြဿနာ

မင်းမော်ကွန်းက ကုသိုလ်ရချင်လို.ခေတ္တ ဒုလ္လဘရဟန်းဝတ်လိုက်တာ မသိနားမလည်တော့ အပေါ်ရုံသင်္ကန်းမပါဘဲ၊ ဒီထဲမှာ ဆေးမင် ကြောင် အရုပ်တွေ လက်မောင်းတွေမှာထိုးပြီး သူငယ်ချင်းတွေတစု ရိုက်ထားတဲ့ ဓာတ်ပုံထွက်လာလို. သာသနာပေါ်မှာ ရောက်လာရင် ကုသိုလ်ရအောင် နေတတ်ထိုင်တတ်ဖို. စာတဆောင်ရေးခဲ့ပါပြီ၊ဒါပေမဲ့ သူက သံဃာတော်များကို RFA သတင်းဋ္ဌာနကနေ တောင်းပန် ခဲ့ပါတယ်၊တောင်းပန်လိုက်တဲ့အခါမှာ မသိလို.မှားမိတာကို သံဃာတွေက နားလည်ခွင့်လွတ်နိုင်သော်လည်း အပြစ်ကတော့ မနေပါဘူး၊ ဘတ်ဖဲလိုးလာပြီး သီချင်းဆိုမည့်ထဲမှာ မင်းမော်ကွန်းလဲ ပါတယ်ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်၊၊

ဘုန်းဘုန်းစံ သဘောထား

စစ်အစိုးရ ပေါလစီကားရိုက်ခဲ့တဲ့ အနုပညာသမားများကို လန်ဒန်က ဆန္ဒတွေပြခဲ့တာကို သတင်းမီဒီယာများမှာတွေ.နေရပါတယ်၊ ဘတ်ဖဲလိုး ရောက်လာမည့် ၀ိုင်းစုခိုင်သိန်းနှင့် မင်းမော်ကွန်းကိုလဲ ဆန္ဒတွေပြကြမယ်ဆိုပြီး ကျောင်းသားတွေက ဖုံးတွေဆက်လာတယ်၊ ဘတ်ဖဲလိုး ဘုန်းတော်ကြီး ကျောင်းကို ဘုန်းဘုန်းအနေနဲ. ဦးနန္ဒ၀ံသကို လှူထားခဲ့ပြီးဖြစ်တာကြောင့် အခုကိစ္စမှာ ဘုန်းဘုန်းပါဝင် ပတ်သက်မှု မရှိခဲ့ပါဘူး၊ ဦးနန္ဒ၀ံသသည် နိုင်ငံရေးကြောင့် အမေရိကရောက်သူဖြစ်တယ်၊ဒါကြောင့် ရှစ်လေးလုံးသမိုင်းကို တန်ဘိုး ထားလိမ့်မယ်လို. မျှော်လင့်သလို၊ တော်လှန်းရေးစိတ်ဓာတ်နှင့် ရှစ်လေးလုံးနေ.မှာ ကျောင်းသားအလံ ကိုင်ထားရင်း အသက်ပေးပြီး ကျဆုံးသွားတဲ့ သွေးတွေကို မျက်ကွယ်ပြု၍ ၀ိုင်းစုခိုင်သိန်း သီချင်းဆိုခိုင်းခဲ့မယ်ဆိုရင် သူ.သမိုင်း သူရေးတာပါပဲ၊၊

ရှစ်လေးလုံးနေ.မှာ ပျော်ပွဲရွင်ပွဲ လုပ်တာသည် မဖြစ်သင့်ပါဘူး၊ရှစ်လေးလုံးနေ. မဟုတ်ဘဲ အခြားနေ.ရက်ကို ပြောင်းရွေ.လိုက်မယ်ဆိုရင် ကောင်းပါတယ်၊ တော်လှန်ရေးနေ.ကို တပ်မတော်နေ.လို. ပြောင်းကြပေမဲ့ တော်လှန်ရေးနေ.ဟာ တော်လှန်ရေးနေ.ပါပဲ၊ ရှစ်လေးလုံး နေ.ဟာ ရဟန်းရှင်လူကျောင်းသား ပြည်သူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့နေ. တိုင်းသူပြည်သားတွေ ၀မ်းနည်းကြေကွဲ ရသည့်နေ.မှာ ၀ိုင်းစုခိုင်သိန်းနှင့် ပေါင်းပြီး ရယ်ရွင်သော နေ.တခုအဖြစ် ဖန်တီးတာဟာ အရုပ်ဆိုး အကျည်းတန်ပါတယ်၊၊

ဘတ်ဖဲလိုး ဘုန်းကြီးကျောင်းကို ဦးဆောင်ပြီး စတင်တည်ထောင်ပေးခဲ့သူအနေနဲ. ဘာသာရေးရုဒေါင့်ကဖြစ်စေ၊နိုင်ငံရေးရုဒေါင့်ကဖြစ်စေ သမိုင်းမှာ မလှတောင်မှ မပျက်စေချင်တာအမှန်ပါ၊ဘတ်ဖဲလိုးမြို.မှာ ရှိနေကြတဲ့ လူတွေအားလုံးကလည်း နိုင်ငံရေးကြောင့် ရောက်လာ ကြတယ်၊ရှစ်လေးလုံးနေ. မလုပ်ဘဲ ရက်ကိုပြောင်းပြီးလုပ်နိုင်မယ်၊ ရှစ်လေးလုံးသမိုင်းကို မလေးစားတဲ့ ၀ိုင်းစုခိုင်သိန်းကိုလဲ ဖယ်ထားလိုက် မယ်ဆိုရင် အားလုံးဟာ အေးအေး ဆေးဆေးဖြစ်သွားနိုင်ပါတယ်၊ဒါကို တာဝန်ရှိသူတွေက အသေချာစဉ်စားပြီး ပြောင်းလိုက်ဖို. လိုအပ်တာအမှန်ပါ၊၊

ရှစ်လေးလုံးသွေးစက်များကို ၀ိုင်းစုခိုင်သိန်းက မတွေ.ကြုံခဲ့သူမို. ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ ရှိမယ်မဟုတ်ပါဘူး၊စစ်အစိုးရနှင့်အတူ နေကြရတဲ့ အနုပညာရှင်တွေဟာ အခက်ခဲတွေရှိမယ်ဆိုတာ ဘုန်းဘုန်းက နားလည်ပါတယ်၊ဘယ်လိုပဲဖြစ်စေ သမိုင်းမှာ တရားခံ ဖြစ်စေတဲ့ သရုပ်ဆောင်မျိုးဟာ ကုသိုလ်မဖြစ်ပါဘူး၊အကုသိုလ် အတိပြည့်နေတဲ့ စစ်ဝါဒီသမားများရဲ. စေခိုင်းမူတွေကို ကြောခိုင်းလိုက်မယ် ဆိုရင် ကုသိုလ်တွေရပါတယ်၊အနုပညာသမားဆိုတာသမိုင်းကိုလေးစား၊ပြည်သူလူထုကို တန်ဘိုးထားတတ်တဲ့ နှလုံးသားမျိုးတွေရှိစေ ချင်ပါတယ်၊

ဘုန်းဘုန်းက ကိုယ်ယုံကြည်ချက်ကို ဘာနဲ.မှ အစားထိုးမှာ မဟုတ်သလို၊နိုင်ငံရေး ဘုန်းဘုန်းမဟုတ်၊သာသနာ့ဥသျှောင် မစိုးရိမ် ဆရာတော်ကြီး သြ၀ါဒအတိုင်း “ သာသနာ့ အန္တရာယ်ကာကွယ်ရေး” သာသနာကို ပျက်ဆီးမသွားအောင်၊သာသနာကို အဖျက်မခံရအောင် ကာကွယ်စောင့်ရှောက် နေတာပါ၊ ဘုရားသားတော် ရဟန်းများတာဝန်က ဒကာဒကာမတွေအပေါ်မှာ အမှာတွေ.ရင် ဆုံးမပေးရမယ်၊ အမှန်တရားကို မြတ်နိုးတတ်အောင် လေ့ကျင့် ပေးရမယ်၊အာရုဏ်ဦးမှာ ဖူးသည့်ကြာ သို.မဟုတ် အာရုဏ်ဦးမှာ ကြာပွင့်တွေ မဖူးနိုင်အောင် ဘတ်ဖဲလိုးကန်ဘိန်း ဆန္ဒပြပွဲတွေဖြစ် လာရင် ဆန္ဒပြ သူတွေကို အပြစ်မဆိုသာဘူး၊ ရှစ်လေးလုံးမှာ ဖြတ်သန်းခဲ့တဲ့ သူတို.သတ္တိ၊သူတို. ဒေါင်းလံတွေဟာ လွင့်ထူနေတာဖြစ်တယ်၊ ယုံကြည်ချက်တွေ ခိုင်မြဲနေရင် ဒီမိုက်ကရေစီဆိုတာ အမှန်တကယ်ရှိနေတယ်၊ သစ္စာ ဖောက်ရင်တော့ စစ်ကျွန်စနစ်အောက်မှာပဲ နေရမယ်၊၊

စီစဉ်နေတဲ့ ကိုကျော်နိုင်ကိုလဲ ဘုန်းဘုန်းက ဖုံးဆက်ပြီး အကျိုးအကြောင်း မေးတဲ့အခါ ပွဲဖြစ်ရေးပဲဆက်လုပ်မည့် သဘောရှိတယ်၊ ဆန္ဒပြမည့် သူတွေနှင့် တွေ.ဆုံအဖြေရှာဖို. ဘုန်းဘုန်းကတော့ တိုက်တွန်းခဲ့ပါတယ်၊အခြေအနေတွေက နှစ်ဖက် တင်းမာနေခဲ့တာ ကြာခဲ့ပြီမို. ဒို.အရေးအသံတွေ ဆိုကြမလား မသိပါဘူး၊ဦးနန္ဒ၀ံသကတော့ ဒါတွေကို ညိုနိုင်းနိုင်တဲ့ အနေထားမရှိသလို၊သူလုပ်ရမည့် တာဝန်ကိုလဲ သိဟန်မတူပါဘူး၊၊

ဘတ်ဖဲလိုး ကျောင်းသားညီလာခံ ဘာလဲ ဘယ်လဲ?

ပြီးခဲ့တဲ့လပိုင်းမှာ ဘတ်ဖဲလိုးကျောင်းသား ညီညာခံလုပ်ခဲ့ကြတယ် သူတို.တတွေ ဘာတွေဆုံးဖြတ်ချက်ချပြီး ဘယ်နှစ်ခု အကောင်အထည် ဖော်နိုင်ခဲ့လဲ မသိပေမဲ့ ၀ိုင်းစုခိုင်သိန်းကတော့ ဘတ်ဖဲလိုးမှာ အကောင်းအထည်ဖော်တော့မယ်၊သာသာရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ လူမူရေးအရဖြစ်စေ ဘယ်လိုနေရာမှာမဆို ခေါင်းဆောင်ကောင်းမရှိ၊နောက်လိုက်ကောင်းလဲမရှိတဲ့ ဘတ်ဖဲလိုးပါ၊ Activites ကောက်ရိုးမီး လောက်သာရှိပါတယ်၊ အနှစ်သာရ ပါတဲ့ နိုင်ငံရေးအလုပ်မျိုးကို တကယ်လုပ်နေသူရှိသလားဆိုတဲ့ မေးခွန်းကို ဘတ်ဖဲလိုးက နိုင်ငံရေး သမားတွေက ဘယ်လိုဖြေကြမလဲ၊ သူတို.ရဲ.သမိုင်း စာမျက်နှာမှာ သူတို.ဘာတွေ ရေးကြမယ်ဆိုတာ အခုသိရမှာပါ၊ဘတ်ဖဲလိုးနှင့် အမေရိကန်နိုင်ငံရောက် နိုင်ငံရေးအကျဉ်သားများက ဦးဆောင်ပြီး ဘတ်ဖဲလိုးမှာ ဆန္ဒပြမယ်လို.လဲ စာတွေထုတ် ပြောထား တာတွေ. နေရတယ်၊၊

အဂတိမလိုက်ဘဲ ဘ၀ကို တိုက်ပွဲဝင်နိုင်စေချင်

ဆန္ဒဂတိ၊ မိမိနှင့်ရင်းနှီးလို. လာဒ်ပေး လာဒ်ယူ မျက်နှာလိုက်၍ အမှားကိုသိလျက် အမှန်ပုံစံမျိုးလုပ်ခြင်း၊ဒေါသဂတိ၊မိမိမုန်းနေသူ ဖြစ်တာကြောင့် အမှန်ကို အမှားပဲလို. လုပ်ခြင်း၊မောဟဂတိ၊အမှားအမှားမသိပဲ ဥာဏ်မရှိမူကြောင့် အမှားကိုအမှန် အမှန်ကိုအမှားဟု ဆုံးဖြတ်ခြင်း၊ဘယာဂတိ၊ဖြစ်လာမည့် ရန်ဘေးနှင့်၊မိမိအကျိုးအတွက်ကို ငဲ့ပြီး ဆုံးဖြတ်ခြင်း၊ဘုန်းဘုန်းအနေနဲ. ဘယ်ဖက်မှာ မလိုက်ဘဲ ဖြစ်နေတဲ့ ဖြစ်စဉ်အမှန်တရားကိုယ်သာ အားလုံး ရှင်းလင်းစွာ သိအောင် ရေးခဲ့ပြီ၊အမှန်တရားအတွက် တိုက်ပွဲဝင်နေတယ်ဆိုရင် အဂတိတရား(၄)ပါးကို ရှောင်ရှား၍ သာသနာအတွက်ဖြစ်စေ မြန်မာပြည်မှာ ဒီမိုကရေစီနှင့် လူ.အလွင့်ရေးအတွက်ဖြစ်စေ အမှန်တရား လမ်းကြောင်းပေါ်မှာ ဘုန်းဘုန်းကတော့ မားမားမတ်မတ်ရှိနေမည်သာဖြစ်တယ်၊၊

တော်လှန်ရေး သက်တမ်း ဘာကြောင့် ကြာနေခဲ့လဲ?

စစ်အစိုးရ ထိုးနက်ချက်တို.သည် တခါတလေ လက်အုပ်ချီပြီး ဇက်ကိုဖြတ်တယ်၊တချို.နေရာမှာတော့ လာဒ်လာဘပစ္စည်းတွေ ပုံပြဆွဲဆောင်၍ မီးလောင်တိုက်သွင်းတယ်၊ နူးညံ့ပျော့ပြောင်းတဲ့ အသွင်အပြင်တွေနှင့် အပေးအယူလုပ်တဲ့ အနုပညာသမားတွေကို အသုံးချပြီး စစ်ဝါဒကို ချိုးဖြူရေပိုက် လုံးကြီးပမာ လွတ်နေတယ်၊ နိုင်ငံရေးသမား အလွှာမျိုးစုံ တော်လှန်ရေးသမားများက တိုင်းပြည်အပေါ်၊ တော်လှန်ရေးအပေါ် ဘယ်လောက် သစ္စာတွေ စောင့်စည်းခဲ့ကြလဲ၊မိမိတို.ရဲ. ခံယူချက်နှင့် ယုံကြည်ချက်တွေက မပြတ်သား၊အဲဒီ အားနှဲချက်တွေကို စစ်အစိုးရက အနိုင်ယူနေပါပြီ၊” သဗ္ဗညုတ ဗုဒ္ဓအဖြစ်သို. မရောက်ခင်မှာ ဘုရားကိုတိုက်ခိုက်သူတွေဟာ သူစိမ်းတွေမဟုတ်ပါ၊ ဘုရားယောက်ဖ ဒေ၀ဒတ်ပဲဖြစ်တယ်၊တော်လှန်ရေး အောင်မြင်ခါနီးမှာ ရှစ်လေးလုံးတော်လှန်ရေးကို မထေမဲ့မြင် လုပ်ခဲ့သူတွေနှင့် မီးဆ တဖက် ရေမုတ်တဖက် နှလုံးပျက်နိုင်ငံရေးသမားတွေနှင့် တော်လှန်ရေး ခရီးဆက်နေမယ် ဆိုရင် ၂၀၁၀ မှာ စစ်အစိုးရက အောင်ပွဲခံသွားမယ်၊ဘုန်းဘုန်းကတော့ ရှင်းတယ်၊နိုင်ငံရေး အာဏာယူဖို. လုပ်နေတာမဟုတ်၊သာသနာနှင့် တိုင်းသူပြည်သား တွေရဲ. အကျိုးစီးပွားကို ရှေးရုပြီး ဆောင်ရွက်ရမှာဖြစ်တယ်၊နိုင်ငံရေး ခေါင်းဆောင်တွေ၊ပြည်တွင်းပြည်ပ ကျောင်းသားခေါင်းဆောင်တွေက မုံဝါးဝါး ပန်းချီကားကို မဆွဲဘဲ၊ထင်ရှားပြတ်သားတဲ့ ခွတ်ဒေါင်းပန်းချီးကားကို ပြည်တွင်းက စစ်ဝါဒကြောင့် ဆေးရောင်မစုံခဲ့၊ပြည်ပရောက် တော့လဲ ဒေါ်လာစာရွက် ဖြစ်တာကြောင့် ပုံတူပန်းချီကားက စုတ်တံကိုင်ပြီး ဆေးစက်မချနိုင်ခဲ့ပြန်ဖြစ်ရတယ်၊စစ်ဝါဒနှင့် ngo ၀ါဒ အကြားမှာ အဂတိတရားလေးပါး မလိုက်စားဘဲ၊ တော်လှန်းရေးသမားများက ရဲရင့်ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဖြင့် အမှန်တာမှန်သမျှ တော်လှန်ကြမယ်ဆိုရင် အောင်ပွဲရမည် အမှန်ပါ၊၊

ကိုယ်အကျိုးနှင့် သာသနာအကျိုးရှင်လာရင် သာသနာအကျိုးကို ဦးစားပေးရမှာ၊သာသနာအကျိုးနှင့် တိုင်းပြည်အကျိုးဆိုရင်တော့ တိုင်းပြည်ကို အလေးထားရမှာပဲ၊လက်ရှိတိုင်းပြည်နှင့် သာသနာ အမြဲတွဲနေသည်မို. ဘာသာရေးကို ခုတုံးလုပ်ပြီး အမြတ်ထုတ်ချင်တဲ့ စရိုက်တွေကလဲ သမိုင်းအဆင်အဆက်မှာ တွေ.နိုင်ပါတယ်၊အစကထဲကဖောင်ပုံစံရှင်းအောင်လုပ်ထားခဲ့ရင် ပြဿနာတွေ ဖြစ်စရာ မလိုပါဘူး၊ပြဿနာဖြစ်နိုင်တဲ့ ရှစ်လေးလုံးနေ.နှင့် စစ်ဝါဒဖြန်.တဲ့ သရုပ်ဆောင်ကို ရှောင်နိုင်ခဲ့မယ်ဆိုရင် ဒီပွဲဟာ ညိမ်သက်နေမှာ အမှန်ပါ၊ အမှန်တရားအတိုင်း ပြောရရင် ရဟန်းရှင်လူကျောင်းသားပြည်သူတွေ သွေးမြေကျခဲ့တဲ့ ရှစ်လေးလုံးနေ.မှာ စတိတ်ရိုးလုပ်ပြီး ငွေရှာတယ် ဆိုတာ ကြားမကောင်းပါဘူး၊ဒီလိုနေ.မျိုးတွေမှာ အခုလိုကိစ္စတွေ နောင်ဘယ်မှာမှ မဖြစ်ပါစေနဲ.လို. ဆုတောင်းမိပါတယ်၊၊

အစအဆုံး..သို့ ...

 
/* EOT ----------------------------------------- */